Wednesday, May 14, 2014

ညီလေးတို့ရွာ



ထန်းပင် ထန်းလက် ထန်းရွက်ကယ်ဝေဝေ
စင်အောင်ခုတ်ထစ် နုမျစ်ကယ် ထန်းဦးရေ ………ဆိုပြီး အစချီကာ …………ဒီကဗျာလေးကို မှတ်မိကြတယ်မလား။

တစ်နေ့တာ ပင်ပန်းနွမ်းနယ်သမျှ ဘဝက ဒီအပင်ပေါ်လေးရောက်ရင် ပြုံးပျော်ကြရတယ်လေ။ ယာခင်းထဲကရှာ ရသမျှ ဖားနု ပုရစ် စားကောင်းတဲ့ သားငါးလေးတွေကိုစုဆောင်း ကြော်လှော်ပီး ဒေသဓလေ့အရ သားအဖ မြေးအဖိုး တစ်စု ဒီလူရပ်နေတဲ့ ငြမ်းစဉ်ပေါ်မယ် လေရဲ့ ဆောင်ညှင်းတဲ့ သင်းရနံ့နဲ့အတူ အမောတွေ ဖြေကြရတဲ့ အိုအေစစ်လေးဆို မမှားပါဘူးလေ။

လူလေးငါးယောက် အပင်ပေါ်တင် ကောင်းကောင်းထိုင်ပြီး ဝိုင်းဖွဲ့ ထိုင်သောက်လို့ အတော်ဇိမ်ရှိတာဂလား။ထန်းရာသီကို ရသလောက်ဆွဲဆန့်ကြရတဲ့ ပညာဟာ မသေးလှဘူးလေ။တောအရက်လေးမောလို့များ တစ်ပိုင်းနှစ်ပိုင်း ဝယ်သောက်လို့ကတော့ အိမ်သူဇနီးရဲ့ မြည်တွန် တောက်တီးတာကို ခံရလေတဲ့ အိမ်ထောင်ရှင်တွေအဖို့ကတော့ ထန်းရာသီလေးဟာ အပျော်ဆုံးရာသီလေးပေါ့။အမိုးသမီး ချစ်ဇနီးတွေကလဲ ကျန်တဲ့အချိန် ဘာအကြောင်းကြောင်းကြောင့် မှ ယမကာ မှီဝဲတာကို လက်မခံပေမယ့် ထန်းရေထွက်တဲ့ ရာသီဆိုရင် သူ့လင် ကိုယ့်လင် အသီးသီး အံ့သြဖို့ကောင်းအောင် နားလည်ပေးကြတယ်လေ။

အကြောင်းကား …… ကိုယ်တိုင် အဝသောက်ရတဲ့အပြင် မိသားစုတွေလဲ မြည်းရသလို ပိုလျှံရင် ရောင်းစားပါက မီးဖိုချောင်ဝင်ငွေလဲ ရသကိုး။ဆိုတော့ အပင်များများတက်လေ ကြိုက်လေကိုး ။
ထန်းနုသားလေးတွေ လှီးလို့ကုန်တော့ အကုန်မလှီးပဲ အစတည်းက ချန်ထားခဲ့တဲ့ လက်ကျန် ထန်းပွတ်ကို အရင့်ခံ ညှပ်သွင်းပြီး ထန်းသက်ရှည်အောင် ကြိုးပမ်းပီး ယောဒေသက ယောဦးဦး ယောကိုကိုတို့တော့ ခု မိုးရိပ်လေးတွေပြလာတယ် ဆိုတော့ ထန်းရေအကျတိုးပြီး ဘယ်လောက်များသဘောတော် ခွေ့နေမယ်ဆိုတာ သရေတမြားမြား ကျရင်း အဝေးကနေ မုဒိတာပွားပေး နေတယ်ဆိုတာ ထန်းချစ်သူ ညီနောင်များအား သိစေအပ်ပါတယ် ဆိုတဲ့အကြောင်း…………(ကိုရင်ဒိပ္ပ)

No comments:

Post a Comment