ရဟန်းသာမဏေများက မိဘကို ရှိမခိုးထိုက်ပါ..
သာဓက။ ။မြတ်စွာဘုရားသည် ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေတော်မူခိုက် အရိယာဖြစ်သည့် လူပုဂ္ဂိုလ်များက ပုထုဇဉ်ရဟန်းသာမဏေများအား ရှိခိုးထိုက်မထိုက်ကို ပုထုဇဉ်များဖြစ်ကြသည့် သာကီဝင်မျိုးတို့ အငြင်းပွားကြသည်များကို ဆွမ်းခံရင်း ကြားသိသော ရဟန်းတော်အချို့က မြတ်စွာဘုရားထံ လျှောက်ထားမေးမြန်းကြရာ..
မြတ်စွာဘုရားက-
"အနာဂါမိပိစေ ဘိက္ခဝေ ဂိဟီ ဟောတိ တေန တဒဟု ပဗ္ဗဇ္ဇတဿ သာမဏေ ရဿ အဘိဝါဒနာဒီနိ ကတ္ထဗ္ဗာနေဝ"ဟု(မုနိသုတ္တန်)မှာ ဟောတော်မူခဲ့သည်ကိုထောက်သော် ရဟန်းသာမဏေများက မိဘကို ရှိမခိုးထိုက်ပါ..
မိဘများကသာ(သား)ရဟန်းသာမဏေကို ရှိခိုးထိုက်ပါသည်..
ဘိက္ခဝေ - ရဟန်းတော်များ အိုချစ်သားတို့
ဂိဟီ - အိမ်ရာတည်ထောင် လူ့ဘောင်၌
နေသောသူသည်
အနာဂါမီ - အနာဂါမ်ပုဂ္ဂိုလ်ကြီးသည်
စေ ပိ ဟောတိ- အကယ်၍ပင်ဖြစ်စေကာမူ
တေန - ထိုအနာဂါမ်တည်ပြီးသော
ပုဂ္ဂိုလ်ကြီးသည်
တဒဟုပဗ္ဗဇ္ဇတဿ- ဒီနေ့ ရှင်ပြုပြီးစဖြစ်သော
သာမဏေလေးအား
အဘိဝါဒနာဒီနိ - ရှိခိုးခြင်း အရိုအသေပြုခြင်း
ခရီးဦးကြိုဆိုခြင်း နေရာထိုင်ခင်းပေးခြင်း
စသည်တို့ကို
ကတ္တာဗ္ဗာနေဝ - မုချမသွေ ပြုအပ် ပြုသင့်
ပြုထိုက်လှပေသည်..
(ဗုဒ္ဓဓမ္မလောက)

.jpg)
No comments:
Post a Comment