Saturday, May 17, 2014

ယောသူတို့ရွာ ( သီချင်းနှင့် သီချင်းစာသား )

ဒါ... ကျွန်တော်တို့ရဲ့ ဇာတိမြေ ယောဒေသရဲ့ ဘ၀သရုပ်ကို ဖော်ကျူးထားတဲ့ " ယောသူတို့ရွာ "ဆိုတဲ့ သီချင်းစာသားလေးတွေပါ ... ဒီသီချင်းလေးကို ဂီတစာဆို စိန်မောင်မြင့်က သီးကုံးရေးစပ်ပေးထားပြီး မြန်မာပြည်သိန်းတန်က သူရဲ့” စုံတောမြိုင်” တေးစီးရီးအယ်လ်ဘန်ထဲမှာ ထည့်သွင်းသီဆိုခဲ့ပါတယ်။ဒီသီချင်းကို ပိုးဒါလီသိန်းတန်ကလည်း ပြန်ဆိုထားပါတယ်…။နားထောင်လိုက်ရင် ကြားရသူအပေါင်း ရင်ထဲ အေးချမ်းသွားစေမှာပါ....။သီချင်းထဲမှာ သုံးထားတဲ့ စာသားလေးတွေဟာ အင်မတန်မှ ချစ်စရာကောင်းပြီး သီချင်းလေး နားထောင်လိုက်ယုံနဲ့ ယောနယ်ရဲ့ ဓလေ့အကြောင်းလေးတွေပါ တစ်ခါတည်း သိလိုက်ရမှာပါ....။ဒီဖန်ပေ့ထဲမှာ ရှိနေကြတဲ့မန်ဘာတွေ အားလုံးအတွက် သီချင်းလေးနဲ့ စာသား တွဲပြီး တင်ပေးလိုက်ရပါတယ်...။ ကွန်နက်ရှင်အခက်အခဲကြောင့် သီချင်းလေးကိုတော့ လင့်အနေနဲ့သာ တင်ပေးလိုက်ရပါတယ် အောက်က ယူကျူလင့်လေးမှာ နှိပ်ပြီး သွားကြည့်လိုက်ရင် ရပါပြီ…ဒီပေ့မှာလည်း သီချင်းသီးသန့်တင်ဖူးပါတယ် ကြာပြီဆိုတော့ ရှာမတွေ့ဖြစ်မှာစိုးလို့ ပြန်တင်ပေးလိုက်ပါတယ်။အားလုံးပဲ  နားထောင်ပြီး ကိုယ်ရဲ့ ဇာတိချက်ကြွေ ယောမြေလေးကို သတိရ လွမ်းဆွတ်လိုက်ကြပါဦးနော်….။
သီချင်းနားထောင်ရဲ့ ကွင်းထဲမှ လင့်ကို နှိပ်ပါ ( http://www.youtube.com/watch?v=hlTyPM1aRWs&playnext=1&list=PLemnOMwGdKxgCLQVW2L8tdgjxcpO90GoO&feature=results_main ) နှိပ်လို့ အဆင်မပြေပါက ကွင်းထဲမှ စာသားများကို Copy ကူပြီး Browser မှာထည့်ပြီး Enter နှိပ်လိုက်ရင်လည်း အဆင်ပြေပါတယ်....။


ယောသူတို့ရွာ

 (ပုံပြတေးဆို ခုအခြေခိုက်စရာမို့
လုံမလေးကိုနော်ဗျာ သူ့အမေရိုက်ပါလို့
ဟိုးမှောင်မိုက်မှာတဲ့ ရှိုက်ရှိုက်ကာ ငိုသံတွေ
ကြားရသူ ပူဗျာပါပွေ အိုလေမနေတတ်ပြီမို့
လာလာလေလိုက်ခဲ့ပါတော့ မောင်တို့ဌာနေ ချစ်သောအညာမြေ) x ၂

(မောင်တို့ရွာမှာကွယ် ဘာဘာတွေပေါတယ်/ပါတယ်
ပင်ထနောင်းနဲ့ ထန်းပင်တွေရယ် မကျည်း ဝါးပင် ပေါပါတယ်/ခင်ဗျ) x ၂

(ပင် ပင်နီချောရယ်နဲ့ ယောထဘီ ယောထဘီ
မောင့်ချစ်သူလေးကိုလ ဆင်ပေးချင်သည် လှစေချင်သည်) x ၂

ပိတ်အကျီင်္ီမှာ ကြွေတွေစီလို့ ပိတ်အကျီင်္ီ ပိတ်အကျီင်္ီမှာ ကြွေတွေစီလို့
ကျောက်သံကပေါ-- ယော ---- ယောသူတို့ရွာ

(လိုက်ခဲ့ပါလားကွယ် ချစ်သဲရေ ပစ်မခွဲလေ
ပင်ပန်းရင်လည်း မောင့်ရင်မှာ အပန်းဖြေ) x ၂
သွားအတူတူ လာအတူတူ ယုယုယယမောင်ချစ်မှာပါလေ......

No comments:

Post a Comment