Sunday, May 18, 2014

ရှေးယောဒေသရဲ့ အိမ်


ယောဒေသက နေအိမ်တွေဟာ ရှေးယခင်ကတော့ ခြေတံရှည် အမျိုးအစား ဖြစ်တယ်။ သစ်လုံးကို ထွင်းပြီး လုပ်ထားတဲ့ လှေကားအတိုင်းတက်ပြီး အိမ်ရှေ့ကြမ်းပြင် (ကပြင်) ကျယ်ကျယ်ကို ဖြတ်ကာ ခေါင်မိုးနိမ့်နိမ့်ကို ခေါင်းငုံ့ဝင်ကြရတယ်။ အထဲမှာတော့ သမီးပျိုတွေအိပ်တဲ့ အခန်းကလွဲရင် အားလုံး ဟင်းလင်းပြင် မြင်ရမှာပါ။ အလယ်မှာ အားလုံးစုပြီး အိပ်ကြရပါတယ်။ ဒီဘက်ခေတ်မှာတော့ သိပ်မတွေ့ရတော့ဘဲ ခေတ်နဲ့လျော်ညီတဲ့ နေအိမ်တွေနဲ့ပဲ နေထိုင်ကြပါတယ်။ ကျေးတောရွာတွေအထိ သွားပြီး လေ့လာမယ်ဆိုရင် ရှေးယောဒေသရဲ့ အိပ်စက်ပုံတွေကို တွေ့မြင်နိုင်ဦးမှာပါ။
 

No comments:

Post a Comment