ပထမတစ်ခု စဉ်းစားကြည့်မယ်။ ကိုယ့်မှာပိုနေတယ်။ အများကြီးရှိနေတယ်။ တခြားတစ်ယောက်မှာ လိုနေတယ်။ ချို့တဲ့နေတယ်။ ဒီပစွှည်းက ကိုယ်မသုံးလည်း ရတယ်။ တစ်ခါတစ်လေ သုံးလည်းမသုံးပါဘူး။ အဲ့ဒါကို ပေးတာကောင်းသလား ။ မပေးပဲထား တာကောင်းသလား။
ကိုယ့်အိမ်မှာ ကိုယ်မသုံးဘဲထားတဲ့ပစွှည်းေ
အောင်မြင်ရေးနဲ့ပက်သက်တဲ့စာ
ကိုယ်ဘယ်လောက်ရတယ်ဆိုတာထက် ကိုယ်ဘယ်လောက်ပေးနိုင်တယ်ဆု
ကိုယ့်ကြောင့် သူများစိတ်ချမ်းသာသွားတယ်
လူတစ်ယောက်က အလုပ်လုပ်တယ်။ ပိုက်ဆံတွေ အများကြီးရတယ်။ Million နဲ့ချီပြီးရတယ် ဆိုပါတော့။ တစ်ပြားတစ်ချပ်မှ ဘယ်သူ့ကိုမှ မပေးဘူး။ သူများလည်း မပေးဘူး။ သူလည်းမစားဘူး။ သိမ်းထားတယ်ဆိုပါတော့။ အဲ့ဒီလူဟာ အောင်မြင်တဲ့သူလို့ ဆိုနိုင်မလား ။ မဆိုနိုင်ဘူးနော်။
ကိုယ်ရှာဖွေလို့ရတာကို ကိုယ့်အတွက်လည်းပဲသုံးစွဲဖိ
တွေ့ကရာလူအကုန်လုံးကို လျှောက်ပေးရမယ်လို့ ပြောတာမဟုတ်ဘူး။ ရှိသမျှ အကုန်လုံးပေးလိုက်ရမယ်လို့ ပြောတာလည်းမဟုတ်ဘူး။ ထိုက်သင့်သလောက်ပေးရမယ် ။ ပေးသင့်တဲသူကိုပေးရမယ်။ ပေးတာလည်း ဉာဏ်လေးနည်းနည်းတော့ သုံးရသေးတာပေါ့။
အဲဒီလို ကိုယ်မှာလည်း ပိုနေတယ်။ တစ်ဖက်သားမှာလည်း တကယ်လိုနေတယ်ဆိုရင် ကိုယ်က ပေးလိုက်ရ လို့ တစ်ဖက်သားမှာ အဆင်ပြေသွားတာကို စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်သွားတာကို မြင်တွေ့ရတာ သိပ်ပျော်စရာကောင်းပါတယ်။ လောကမှာ ပျော်စရာကောင်းတဲ့အထဲမှာ ကိုယ်ကြောင့် သူများ စိတ်ချမ်းသာ သွားတာ တစ်ခုလည်း ပါတယ်နော်။
.jpg)
No comments:
Post a Comment