လူတော်တော်များများဟာ
ဘာမှမပြည့်စုံခင်တော့ ဆက်ဆံရတာ
ပြဿနာသိပ်မရှိပေမယ့်
အရင်ကထက်ပြည့်စုံလာတာနဲ့
အချိုးတွေက ပြောင်းသွားတတ်ကြပြီး
ဆက်ဆံရတာလည်း သိပ်အဆင်မပြေ
တော့ပါဘူး..
ငါက ဘာဘွဲ့ရထားတယ် ငါကပညာတတ်ကြီးပဲ
ငါကပညာရှိကြီးပဲဆိုပြီး သိပ်စိတ်ကြီးဝင်မနေကြပါနဲ့.
ငါက စီးပွားရေး လူမှုရေး နိုင်ငံရေးမှာ
အောင်မြင်တယ် ကျော်ကြားတယ် နာမည်ကြီးတယ်ဆိုပြီးတော့လည်
ဘဝင်မြင့်မသွားကြပါနဲ့..
ငါက ဘာရာထူးရှိတယ် ဘယ်လိုဘုန်းတန်ခိုး
သြဇာအာဏာကြီးတယ် ချမ်းသာတယ်ဆိုပြီးတော့လည်း
မာန်မတက်ကြပါနဲ့..
ငါက သိပ်ချောတယ် သိပ်လှတယ်
ကျက်သရေရှိတယ်ဆိုပြီးတော့လည
မာနတံခွန်ထူပြီး မမောက်မာကြပါနဲ့..
ဓမ္မသဘောနဲ့နှလုံးသွင်းဆင်ခြ
ဘယ်သူက ဘယ်သူ့ကိုမှ သိပ်တော့အထင်ကြီးစရာ မရှိပါဘူး..
လောကရဲ့အလိမ်အညာခံရသူ အချင်းချင်းသာ
ဖြစ်ပါတယ်.. အလိမ်ခံအညာခံဘဝက လွတ်မြောက်ဖို့အတွက် အသိမှန် အမြင်မှန်ရဖို့
လိုအပ်ပါတယ်..
ဝိပဿနာဘာဝနာပွားများအားထုတ်
မဖြစ်မနေအားထုတ်ကြိုးစားရင်
"ချမ်းသာနေကြပါတယ်လို့ သတ်မှတ်နေကြတဲ့
ရွှေငွေပစ္စည်း ရာထူးဂုဏ်ပကာသန
ကျော်ကြားမှုတွေဟာ တစ်ကယ်ချမ်းသာ
ဟုတ်သလား မဟုတ်သလားဆိုတာ
သာသနာ့ဓာတ်ခွဲခန်းထဲ ထည့်ကြည့်လိုက်တော့
ဘယ်သူမှ ကန့်ကွက်လို့မရ ငြင်းပယ်လို့မရတဲ့
ဒုက္ခလောင်စာတွေသာ အဖြေထွက်လာပြီး
နိဗ္ဗာန်ချမ်းသာ သုခတွေလို့
အဖြေထွက်မလာပါဘူး.."
(တိပိဋကဓရ ယောဆရာတော်ဘုရားကြီး)

No comments:
Post a Comment