Thursday, May 22, 2014

သတိမထားမိသောကုသိုလ်

လူတိုင်းလူတိုင်း အမှိုက်လှဲဘူးကြမှာပါ
လူတိုင်းလူတိုင်း အမှိုက်စွန်ပစ်ဖူးကြမှာပါ ဒါပေမဲ့
အဲဒီလိုလုပ်တဲ့ အခါတိုင်း တို့လုပ်နေတာ ကုသိုလ်
အလုပ်ပါလားလို့ သတိထားမိတဲ့သူကတော့
ရှိတော့ရှိမယ် ရှားတယ်လို့ပဲပြောရလိမ့်မယ်ထင်ပါတယ်
ရှင်နာဂသိန်နဲ့ မိလိန္ဒတို့လဲ ဘဝတစ်ခုမှာ
အမှိုက်လှဲ အမှိုက်ပစ်ကုသိုလ်တွေကြောင့်
နောက်ဆုံးဘဝမှာ အံ့မခန်းလောက်အောင်ဥာဏ်ပညာ
တွေကြီးမားကြတာ အားလုံးလဲသိပြီးသားဖြစ်မှာပါ။

ထားပါတော့အခုပြောခြင်တာက
ဗောဓိညောင်ရွက်ကို စွန့်ပစ်ရင် အကျိုးပေါင်း(၂၀)
တောင်ခံစားရပါသတဲ့ ။
ကျမ်းဂန်အထောက်အထာနဲ့မို့ ယုံခြင်လဲယုံ
မယုံခြင်လဲ ပြဿနာမရှိပါ မိတ်ဆွေများ ဗဟုသုတ
ဖြစ်ရန်အလိုငှါ မျှဝေပေးလိုက်ပါသည် ။

စေတီရင့်ပြင်၌ ကြွေကျနေသော ဗောဓိညောင်ရွက်
ကိုစွန့်ပစ်ရကျိုး(၂၀)

၁။ လူ့ဘဝနှင့် နတ်ဘဝတို့၌သာ ကျင်လည်ရခြင်း
၂။ လူ့ဘဝ၌ဖြစ်သောအခါ မင်းမျိုးနှင့် ပုဏ္ဏားမျိုးတို့
၌သာဖြစ်ရခြင်း
၃။ အင်္ဂါကြီးငယ်နှင့် ပြည့်စုံသူဖြစ်ခြင်း
၎။ အလုံးအရပ်နှင့်ပြည့်စုံသူဖြစ်ခြင်း
၅။ အလွန်ချောမောလှပခြင်း
၆။ စင်ကြယ်သူဖြစ်ခြင်း
၇။ ပြည့်စုံသောအင်္ဂါရှိသူဖြစ်ခြင်း
၈။ ရွှေအဆင်းနှင့်တူသော အဆင်းရှိလျှက် လှော်ပြီး
ဦးပြီးသောရွှေနှင့်တူသောသူဖြစ်ခြင်း
၉။ အသားအရေသည် အခါခပ်သိမ်း နူးညံ့ခြင်း
၁၀။ အသားအရေသည် အခါခပ်သိမ်း
ပြေပြစ်ညက်ညောခြင်း
၁၁။ အခါခပ်သိမ်း သိမ်မွေ့ခြင်း
၁၂။ အလွန်နုနယ်သူ ဖြစ်ခြင်း
၁၃။ ဖြစ်လေရာဘဝတိုင်း၌ ခန္ဓာကိုယ် မြူ အညစ်
အကျေး မလိမ်းကျံ မကပ်ငြိခြင်း
၁၄။ လေပူနေပူကြောင့်လည်းကောင်း မီးပူကြောင့်
လည်းကောင်း ခန္ဓာကိုယ်၌ ချွေးမထွက်ခြင်း
၁၅။ နူနာရောဂါ မရှိခြင်း
၁၆။ အိုင်းအမာ မရှိခြင်း
၁၇။ ဝဲစွဲသောအနာ မရှိခြင်း
၁၈။ မှဲ့မည်း မရှိခြင်း
၁၉။ သွေးစုနာ မပေါက်ခြင်း
၂၀။ ပွေးအနာ မရှိခြင်း

အဲဒါလေးပါပဲ တစ်ချို့က သတိထားမိပေမဲ့
အတော်များများကတော့ဖြင့် လုံးဝကို သတိမထား
မိလိုက်တဲ့ကုသိုလ်လေးတွေပါ ။

မိတ်ဆွေများ ကျန်းမာ ချမ်းသာကြပါစေခင်ဗျာ

No comments:

Post a Comment