Tuesday, May 27, 2014
ယောအသင်း ဆိုသည်မှာ
ဂန့်ဂေါ ထီးလင်း ဆော ကျောက်ထု မြို့နယ်များရှိ လူမျိုးများ စုစည်းရာဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ ယောနယ်ဖွား ညီအကို မောင်နှမများအတွက် တိပိဋက ယောဆရာတော်ကြီးမှ ရန်ကုန် မန္တလေး ကလေးမြို့နယ်များတွင် ယောအသင်းများ ထူထောင်ထားပြီး နိုင်ငံတကာရောက် ယောသူ ယောသားများအတွက် တိပိဋကယောဆရာတော်ကြီးရဲ့ တပည့်ဖြစ်သူ အရှင်တိက္ခဥာဏာလင်္ကာရမှ မလေး
ရှားနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့တွင် ယောအသင်းများ ထူထောင်ခဲ့တာ ခြောက်နှစ်ကျော်လာခဲ့ပါပြီ ။ မကြာခင်ကလဲ အရှင်ဣန္ဒဝရ အရှင်ဇာဂရတို့ ဦးဆောင်လျှက် ဣဋ္ဌာရုံ လူမှုကူညီရေး ယောအသင်း မလေးရှားကို ထပ်မံဖွဲ့စည်းခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့
ယောသူ ယောသားများ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံနိုင်ဖို့ ၊ တတ်နိုင်သည့် လူမှုကူညီရေး လုပ်ငန်းများဆောင်ရွက်နိုင်ဖို့ ၊ အခါအားလျော်စွာ ဘာသာရေးအခမ်းအနားများ ပြုလုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယောအသင်းများကို ဖွဲ့စည်းခဲ့ကြတာပါ ။
ထို့အပြင် ယောသူ ယောသားတို့ရဲ့ ဆုံစည်းရာ ၊ ဒို့ယောမြေ ၊ ယောနကဝံသပါလ စသည့် ယောနယ်ကို ချစ်မြတ်နိုးသူများကလည်း ဖေ့စ်ဘုတ်စာမျက်နှာများမှာ ယောအသင်းများ ဖွဲ့စည်းခဲ့ကြပါတယ်။
စေတနာတူ ရည်ရွယ်ချက်တူသဖြင့် ယောဒေသဖွား မည်သူမဆို ဒီစာမျက်နှာလေးမှာ ဆုံစည်းပြီး ယောဒေသ အသီးသီးရဲ့ ယဉ်ကျေးမှုများ ဘာသာရေးပွဲတော်များ ဖွံ့ဖြိုးတိုးတက်မှုများကို မ မျှဝေကြရင် ပိုမိုစုစည်းသော ယောအသင်းကြီး ဖြစ်လာမှာဆိုတဲ့ မျှော်လင့်ချက်နဲ့ ယောသူ ယောသား အားလုံးရဲ့ ဆုံစည်းရာအဖြစ် ဒီစာမျက်နှာလေးကို ဖွင့်လှစ်လိုက်တာပါ ။
Subscribe to:
Post Comments (Atom)
.jpg)
No comments:
Post a Comment