★ အိုရမည်သာ
အိုမှာတွေးကြောက်
စိတ်မချောက်ဘူး
များမြောက်ဒါန
ပြုထားပြီ………။
★ နာရမည်သာ
နာမှာမကြောက်
စိတ်မနောက်ဘူး
ဆောက်တည်သီလ
ရှိထားပြီ………။
★ အိုခြင်းနာခြင်း
ဖြစ်လာခြင်းကား
သေမင်းခေါ်ရန်
သတင်းမှန်ကို
ဧကန်လာရောက်
ပြောခြင်းတည်း………။
★ အို……သေမင်းအရှင်
သင်၏ရှေ့ပြေး
အိုနာဘေးကြောင့်
မျှော်တွေးဘာဝနာ
ပွားခဲ့ပြီ………။
★ ငါကားသင့်ကို
စောင့်၍ကြိုနေ
ခေါ်လေလာလော
ရှင်သေမင်း………။
{မင်းသီရိ ( မြင်းခြံ ) }
No comments:
Post a Comment