Friday, May 23, 2014

သဘာဝဘေးအန္တရာယ်ခံခဲ့ရသည့် လောင်းရှည်မြို့စံပယ်ရုံဘုန်းတော်ကြီးကျောင်း



မကွေးတိုင်းဒေသကြီး ဆောမြို့နယ် လောင်းရှည်မြို့ မြို့မရပ်ကွက်၌ တည်ရှိသော စံပယ်ရုံဘုန်းတော်ကြီးကျောင်းသည် 1-4-2014 နေ့လည်ပိုင်း တစ်နာရီက သဘာဝဘေးအန္တရာယ်မုန်တိုင်းဒါဏ်ကြာင့် အသီးအပွင့်များထွက်ရှိနေသော ပေပင်ကြီးလဲကျသွားခဲ့ပါသည်။
ပေပင်ကြီးအောက်တွင် ကြီးမားလှသောကျောက်လုံးကြီးတစ်လုံးကိုလည်း ထူးဆန်းစွာတွေ့ရှိရပါသည်။
ပေပင်လဲကျမှုကြောင့် ဘုန်းတော်ကြီးကျောင်းအနည်းငယ် ပျက်စီးသွားခဲ့ပါသည်။
စပါယ်ရုံဘုန်းတော်ကြီးကျောင်းသည် ကောဇာသက္ကရာဇ်(380)ခုနှစ်ခန့်က တည်ရှိခဲ့ခြင်းကြောင့် လောင်းရှည်မြို့ ဘုန်းတော်ကြီးကျောင်း(18)ကျောင်းတွင် တစ်ကျောင်းအပါအဝင်ဖြစ်ပါသည်။
ယခုအခါ မုန်တိုင်းဒါဏ်သင့် စပါယ်ရုံဘုန်းတော်ကြီးကျောင်းကို ဒါယကာ/မများက ပြန်လည်ပြုပြင်ခြင်း ပြိုကျပျက်စီးနေသော ရှေးဟောင်းစေတီနှစ်ဆူကို ဓါတ်ပေါင်းစုစေတီအဖြစ်တည်ရှိရန်စီစဉ်နေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ပေးပို့သူ- ဦးဥတ္တရ
စံပါယ်ရုံဆရာတော်

No comments:

Post a Comment