ဘ၀ဟောင်းမှ မပြောင်းရွှေ့ဘဲ
ပဋိသန္ဓေနေနိုင်သလော
အရှင်နာဂသေနဘုရား၊ ဤဘ၀မှ တစ်စုံ
တစ်ရာပြောင်းရွေ့၍ပါမသွားဘဲ ဘ၀သစ်
၌ ပဋိသန္ဓေနေပါသလော။
မင်းမြတ်၊ မှန်ပေ၏။
အရှင်ဘုရား ဥပမာပြုတော်မူပါဦး။
မင်းမြတ်၊ ဥပမာအားဖြင့် ယောက်ျားတစ်
ယောက်သည် မီးတိုင်တစ်ခုမှ မီးတိုင်တစ်
ခုသို့ မီးညှိပေးရာ၏။ ထိုမီးသည် ပထမမီး
တိုင်မှ ပြောင်းရွှေ့၍ပါသွားပါသလော။
အရှင်ဘုရား၊ ပြောင်းရွှေ့၍ မပါသွားပါ။
မင်းမြတ်၊ ဤအတူသာပင် ဤဘ၀မှ တစ်စုံ
တစ်ရာပြောင်းရွေ့၍ ပါမသွားပဲ ဘ၀သစ်၌
ပဋိသန္ဓေနေရပေ၏။
အရှင်ဘုရား၊ သင့်လျော်လှပါပေ၏။
----------------------------------------
အခြားကိုယ်သို့ ပြောင်းရွှေ့သူရှိသလော
အရှင်နာဂသေနဘုရား၊ ဤကိုယ်ကောင်မှ
အခြားကိုယ်ကောင်သို့ ပြောင်းရွှေ့သော
သတ္တ၀ါရှိပါသလော။
မင်းမြတ်၊ မရှိပေ။
အရှင်ဘုရား၊ အကယ်၍ မရှိခဲ့ပါသော် ယုတ်
ညံ့သောအကုသိုလ်ကံတို့မှ လွတ်မြောက်သူ
ဖြစ်ပါဦးမည်လော။
မင်းမြတ် မှန်ပေ၏။ ထိုသူသည် ပဋိသန္ဓေ
မနေတော့လျှင်ယုတ်ညံ့သော အကုသိုလ်
ကံတို့မှ လွတ်မြောက်နိုင်သူဖြစ်လတ္တံ။ ပဋိ
သန္ဓေနေရသေးလျှင်ကား ယုတ်ညံ့သော
အကုသိုလ်ကံတို့မှ မလွတ်မြောက်နိုင်ပေ။
အရှင်ဘုရား၊ ဥပမာပြုတော်မူပါဦး။
မင်းမြတ်၊ ယောက်ျားတစ်ယောက်သည်
အခြားသူ၏သရက်သီးကို ခိုးယူရာ၏။ ထို
သရက်သီးခိုးသူသည်အပြစ်ဒဏ်ကျခံရပါ
သလော။
အရှင်ဘုရား မှန်ပေ၏။ အပြစ်ဒဏ်ကျခံရ
ပေ၏။
မင်းမြတ် ထိုသူသည် အခြားသူစိုက်ပျိုးခဲ့
သောသရက်သီးကို ခိုးယူသူမဟုတ်ပါပဲ
လျက် အဘယ်ကြောင့်အပြစ်ဒဏ်ကျခံရ
ပါသနည်း။
အရှင်ဘုရား ခိုးယူအပ်သော ထိုသရက်သီး
သည် အခြားသူ စိုက်ပျိုးသော သရက်သီး
ကို အမှီပြု၍သီးလာရသောကြောင့် အပြစ်
ဒဏ်ကျခံရပါသည်။
မင်းမြတ်၊ ဤပစ္စုပ္ပန်နာမ်ဖြင့် ကုသိုလ်ကံ
အကုသိုလ်ကံတို့ကို ပြုလုပ်၏။ ထိုကံကြောင့်
အခြားသော နာမ်ရုပ်သည် ပဋိသန္ဓေတည်
နေလာ၏။ ထို့ကြောင့်ယုတ်ညံ့သောအကု
သိုလ်ကံတို့မှ မလွတ်နိုင်ပေ။
အရှင်ဘုရား၊ သင့်လျော်လှပါပေ၏။
မိလိန္ဒပဥှာ
ပဋိသန္ဓေနေနိုင်သလော
အရှင်နာဂသေနဘုရား၊ ဤဘ၀မှ တစ်စုံ
တစ်ရာပြောင်းရွေ့၍ပါမသွားဘဲ ဘ၀သစ်
၌ ပဋိသန္ဓေနေပါသလော။
မင်းမြတ်၊ မှန်ပေ၏။
အရှင်ဘုရား ဥပမာပြုတော်မူပါဦး။
မင်းမြတ်၊ ဥပမာအားဖြင့် ယောက်ျားတစ်
ယောက်သည် မီးတိုင်တစ်ခုမှ မီးတိုင်တစ်
ခုသို့ မီးညှိပေးရာ၏။ ထိုမီးသည် ပထမမီး
တိုင်မှ ပြောင်းရွှေ့၍ပါသွားပါသလော။
အရှင်ဘုရား၊ ပြောင်းရွှေ့၍ မပါသွားပါ။
မင်းမြတ်၊ ဤအတူသာပင် ဤဘ၀မှ တစ်စုံ
တစ်ရာပြောင်းရွေ့၍ ပါမသွားပဲ ဘ၀သစ်၌
ပဋိသန္ဓေနေရပေ၏။
အရှင်ဘုရား၊ သင့်လျော်လှပါပေ၏။
----------------------------------------
အခြားကိုယ်သို့ ပြောင်းရွှေ့သူရှိသလော
အရှင်နာဂသေနဘုရား၊ ဤကိုယ်ကောင်မှ
အခြားကိုယ်ကောင်သို့ ပြောင်းရွှေ့သော
သတ္တ၀ါရှိပါသလော။
မင်းမြတ်၊ မရှိပေ။
အရှင်ဘုရား၊ အကယ်၍ မရှိခဲ့ပါသော် ယုတ်
ညံ့သောအကုသိုလ်ကံတို့မှ လွတ်မြောက်သူ
ဖြစ်ပါဦးမည်လော။
မင်းမြတ် မှန်ပေ၏။ ထိုသူသည် ပဋိသန္ဓေ
မနေတော့လျှင်ယုတ်ညံ့သော အကုသိုလ်
ကံတို့မှ လွတ်မြောက်နိုင်သူဖြစ်လတ္တံ။ ပဋိ
သန္ဓေနေရသေးလျှင်ကား ယုတ်ညံ့သော
အကုသိုလ်ကံတို့မှ မလွတ်မြောက်နိုင်ပေ။
အရှင်ဘုရား၊ ဥပမာပြုတော်မူပါဦး။
မင်းမြတ်၊ ယောက်ျားတစ်ယောက်သည်
အခြားသူ၏သရက်သီးကို ခိုးယူရာ၏။ ထို
သရက်သီးခိုးသူသည်အပြစ်ဒဏ်ကျခံရပါ
သလော။
အရှင်ဘုရား မှန်ပေ၏။ အပြစ်ဒဏ်ကျခံရ
ပေ၏။
မင်းမြတ် ထိုသူသည် အခြားသူစိုက်ပျိုးခဲ့
သောသရက်သီးကို ခိုးယူသူမဟုတ်ပါပဲ
လျက် အဘယ်ကြောင့်အပြစ်ဒဏ်ကျခံရ
ပါသနည်း။
အရှင်ဘုရား ခိုးယူအပ်သော ထိုသရက်သီး
သည် အခြားသူ စိုက်ပျိုးသော သရက်သီး
ကို အမှီပြု၍သီးလာရသောကြောင့် အပြစ်
ဒဏ်ကျခံရပါသည်။
မင်းမြတ်၊ ဤပစ္စုပ္ပန်နာမ်ဖြင့် ကုသိုလ်ကံ
အကုသိုလ်ကံတို့ကို ပြုလုပ်၏။ ထိုကံကြောင့်
အခြားသော နာမ်ရုပ်သည် ပဋိသန္ဓေတည်
နေလာ၏။ ထို့ကြောင့်ယုတ်ညံ့သောအကု
သိုလ်ကံတို့မှ မလွတ်နိုင်ပေ။
အရှင်ဘုရား၊ သင့်လျော်လှပါပေ၏။
မိလိန္ဒပဥှာ
.jpg)
No comments:
Post a Comment