ကိုယ်မချိ အမိသော်လည်း သားတော်ခဲ
ကမ္ဘာ မီးလောင် သားကောင် ချနင်း ဟူ
သော မြန်မာစကားတို့သည် ဘုရားဟော
ကျမ်းဂန်များကို အခြေပြု၍ ဖြစ်ထွန်းပေါ်
ပေါက်လာသော စကားဖြစ်ပါသလား။
ထိုစကား၏ အဓိပ္ပါယ်သည် မည်မျှနက်
ရှိုင်း ကျယ်ဝန်းပါသနည်း။
ဖြေ ။ ။ ထိုစကားသည် ဘုရားဟော
ကျမ်းဂန်များကို အခြေပြု၍ ပေါ်ပေါက်လာ
သော စကားဖြစ်ပေသည်။ ကိုယ် မချိလျှင်
အမိသာမက အဖလည်း သားတော်ခဲလေ
တော့သည်။ ဆိုလိုသည်မှာ မိမိကိုယ်ထက်
သားကိုပိုပြီးမချစ်နိုင်ကိုယ်ရေးကြုံလာလျှင်
သားသမီးကို စွန့်ပြစ်ကြရလေတော့သည်
ဟု ဆိုလိုသည်။
မြတ်စွာဘုရား လက်ထက်က လောကမှာ
ဘာချစ်စရာ အကောင်းဆုံးလဲဟု ပြဿနာ
ပေါ်ဖူး၏။ အချို့က ပုတ္တသမံ ပေမံ နတ္ထိ
သားနှင့်တူသော ချစ်အပ်သောသူ မရှိဟု
ဆိုလာကြ၏။ ထိုအခါ မြတ်စွာဘုရားက
အတ္တသမံ ပေမံ နတ္တိ မိမိကိုယ်နှင့်တူသော
ချစ်အပ်သူမရှိဟု ယထာဘူကျဟောကြား
တော်မူခဲ့ဖူးလေသည်။ ( နေတ္တိပါဠိ )
တစ်ခါက မိန်းမ တစ်ယောက်သည် သား
ငယ်နှင့် အတူ သဲကန္တာရကို ကုန်သည်
လှည်းကြုံဖြင့်ဖြတ်ကူးလေ၏။ ညအခါတွင်
လှည်းမှကျန်ရစ်လေသည်။ နောက်တစ်နေ့
နေ့ခင်းရောက်လာသော် သဲပူကို မနင်းနိုင်
တော့သဖြင့် ခေါင်းမှတောင်းကို ချ၍နင်းရ
၏။ မကြာခင် အလွန် ပူလာပြန်သဖြင့်
တောင်း၏အထက်၌ ခေါင်းခုပုဆိုးကို ခံ၍
နင်းရ၏။ သို့သော် ခြေမရပ်နိုင်အောင် ပူ
လောင်ပြင်းပြလာပြန်သဖြင့် ခါးတစ်ခွင်၍
ချီထားသော သားငယ်ကို တောင်းပေါ်မှ
မှောက်လျက်ချ၍ သားအပေါ်ကနင်းရရှာ
ပြန်သည်။ သားအမိ နှစ်ယောက်လုံး ငို
ကြွေးမည်တမ်းရင်းပင် ထိုနေရာ၌ အသက်
ကုန်ရရှာလေသည်။
( သမ္မောဟ၀ိနောဒနီ၊ ရူပက္ခန္ဓာ အဖွင့် )
အာဠ၀ီမင်းကြီးသည် တောကစားသွားရာ
တွင် အာဠာဝက ဘီလူး၏ ညောင်ပင်
အောက်တွင်ဝင်မိသဖြင့် ဘီလူးစာဖြစ်လေ
၏။ သို့သော် တစ်နေ့ တစ်ယောက်ကျ
ဘီလူးစာပို့ပါမည်ဟု ကတိခံ၍မင်းကိုဘီလူး
က လွှတ်လိုက်လေ၏။ သို့သော် တစ်နေ့
တစ်ယောက်ကျဘီလူးစာပို့ပါမည်ဟုကတိ
ခံ၍ မင်းကို ဘီလူးက လွှတ်လိုက်၏။
ထိုအခါမှစ၍နေ့စဉ် တစ်ယောက်ကျဘီလူး
စာ ပို့ခဲ့လေရာ ကာလကြာသောအခါ ပို့ရ
မည့်သူများကုန်လေ၏။ ကျန်ရစ်သူများက
လည်း ပြေးကြလေ၏။ ထို့ကြောင့် နောက်
ဆုံးတွင် မိမိသားတော် အာဠာဝကသတို့
သားကို ဘီလူးစာအဖြစ် မိမိကိုယ်စား ပို့
ခိုင်းရလေသည်။ သို့သော် ဘုရားရှင်ကယ်
၍ ထိုသတို့သားကား မသေပေ။
( သုတ္တနိပါတ်၊ သံယုတ်၊ အင်္ဂုတ္ထိုရ် )
တစ်ခါက အလ္လကပ္ပတိုင်းတွင် ငတ်မွတ်
သည့်ဘေးကြီး ကြုံလေ၏၊ လင် ကောတု
ဟလနှင့် မယားကာလီတို့သည် သားငယ်
ကိုချီ၍ ကောသမ္ဗီပြည်သို့ သွားကြလေ၏။
လမ်းခရီးတွင်ရိက္ခာပြတ်၍ ငတ်မွတ်ပင်ပန်း
လှသဖြင့် လင်ကမယားအားပြော၏။ ငါတို့
မသေလျှင် သားအစား ပြန်ရနိုင်ပါသည်။
ယခုသားကို ပစ်ခဲ့ကြပါစို့။ သို့သော် မယား
က ငါအသက်ရှင်နေခိုက်မှာငါ့သားကိုမပစ်
ရက်ပါ။ တစ်လှည့်စီ ချီပိုးသယ်ဆောင်သွား
ပါမည်ဟုဆို၏။ ဖခင်ချီလှည့်တွင်သားကို
ချုံပုတ်တစ်ခု၌ ထားရစ်ခဲ့၏။ မိခင်က သိ
သောအခါ ငိုယိုလျက် သားကိုပြန်ယူ၍
ဆင်းရဲ ဒုက္ခကြီးစွာဖြင့် ခရီးဆက်ကြရှာ
သည်။
( ဓမ္မပဒ )
ရှေးအခါက လင်မယား နှစ်ယောက်တို့
သည် သားငယ်နှင့်အတူခရီးရိက္ခာအနည်း
ငယ်ဖြင့် ယူဇနာ တစ်ရာရှိသော ခရီးခဲကို
ဖြတ်ကြရရှာသည်။ လမ်းတစ်ဝက်ယူဇနာ
ငါးဆယ် အရောက်တွင် ရိက္ခာ ပြတ်လေ
တော့၏။
ထိုအခါလင်ယောက်ျားက မယားအားဤ
သို့ပြော၏။ ချစ်ဇနီး ငါသည် သားမယား
အား ရှာဖွေ ကျွေးမွေးရန် တာဝန်ရှိသော်
လည်း ယခုကန္တာရခရီးအလယ်မှာဘာကို
မျှ ရှာဖွေ၍မပေးနိုင်တော့ပါ။ ယခုစားစရာ
ရိက္ခာလည်း ပြတ်ချေပြီ။ သို့ဖြစ်၍ ငါ့ကို
သတ် ငါ့အသားကိုစား၍ သင်တို့ သား
အမိ နှစ်ယောက် ခရီးခဲကို လွန်မြောက်
အောင်သွားပါတော့ဟု ပြောရှာ၏။
မယားကလည်း အမောင် ဤကန္တာရ
အလယ်၌ ငါသည် မိန်းမတို့လုပ်ရမည့်
ဝါဖတ် ဗိုင်းငင်စသည့်အလုပ်ကိုလုပ်၍
သင်တို့သားအဖကို ရှာဖွေမကျွေးနိုင်
တော့ပါ။ သို့ဖြစ်၍ ငါ့ကိုသတ်ပြီး တစ်
ဝက်ကိုယခု စားကြ တစ်ဝက်ကိုရိက္ခာ
လုပ်ပြီး သင်တို့သားအဖ ဘေးလွတ်ရာ
အရောက်သွားကြပါဟု ဆိုလေသည်။
လင်သည်က အမိမရှိသော် သားလည်း
သေရှာတော့မည်။ သင့်ကိုငါမသတ်ရက်
တစ်ခုတော့ ရှိ၏။ ငါတို့ နှစ်ယောက်
အသက်မသေကျန်ရစ်ပါက နောင်အခါ
တွင် သားကို ထပ်မံရနိုင်ပါသည်။ သား
ကိုသတ်၍စားကြလျှင် ကောင်းပါမည်ဟု
တိုင်ပင်စကားပြော၏။
အမိလည်းသဘောတူ၍ မိမိရင်ခွင်မှသား
ကို ချပြီး သား သင့်အဖထံ သွားချေဟု
လွှတ်လိုက်၏။ ကလေးလည်း မသိရှာပဲ
အဖထံသွားရှာ၏။ အဖသည်သားကိုစူးစူး
စိုက်စိုက်ကြည့်လျက် ငါသည် လယ်ယာ
ကိုင်းကျွန်းကို ပင်ပင်ပန်းပန်းလုပ်၍ ဤ
သားကိုကျွေးမွေးသုတ်သင် လာခဲ့၏။
ယခုမှသတ်ရမည်ကားမသတ်ရက်ဟု ငို
ယိုမည်တမ်းလျက် သင့်အမိထံသွားချေ
ဟုလွှတ်လိုက်၏။ အမိခမျာလည်း သား
ကိုစိန်းစိန်းကြည့်လျက် ရှိသည်။ သား
ကိုယ်ဝန်နှင့်ဆယ်လလွယ်၍ဖွားခဲ့ချိန်က
စပြီး အတိုင်းမသိ ဆင်းရဲဒုက္ခ ခံလျက်
ကျွေးမွေး သုတ်သင်လာခဲ့၏။ ငါ့သားကို
ငါဘယ်လို သတ်ရက်ပါမလဲဟု ငိုယိုမည်
တမ်းလျက် သင့်အဖဆီသွားချေဟု တစ်
ဖန်လွှတ်ပြန်လေ၏။
ဤသို့ဖြင့် ကလေးငယ်ခမျာသည် အဖေ
ဆီသွားရ၊ အမေ့ဆီသွားရဖြင့် ခေါက်တုံ့
ခေါက်ပြန်သွားရရှာစဉ် နေကလည်းပြင်း၊
အစာကလည်းငတ်သဖြင့် လဲကျ၍ သေ
ဆုံးရှာလေသည်။
မိဘနှစ်ပါးသည် ငိုယိုလျက်ပင် သား၏
အသားကို ဇွတ်မှိတ်မျိုလျက် ကျန်သော
ယူဇနာ ၅၀ခရီးကိုပေါက်အောင် သွားကြ
ရရှာလေသည်။
ဤသား၏ အသားသည် ကိုးပါးသော
အခြင်းအရာအားဖြင့်စက်ဆုပ်ဖွယ်ရှိလှ၏။
အခြင်းအရာကိုးပါးကား
၁။ ဇာတ်တူသားဖြစ်ခြင်း
၂။ ဆွေမျိုး၏အသားဖြစ်ခြင်း
၃။ ရင်၌ဖြစ်သော သား၏အသားဖြစ်ခြင်း
၎။ ချစ်သောသူ၏အသားဖြစ်ခြင်း
၅။ သနားကြင်နာအပ်သူ၏ အသားဖြစ်ခြင်း
၆။ မချက်မပြုတ်ရဘဲ သားစိမ်းသားစိုဖြစ်ခြင်း
၇။ ကြမ်းကြုတ် ကြောက်မက်ဖွယ်သော
အသား ဖြစ်ခြင်း။
၈။ ဆားမပါသော အသားဖြစ်ခြင်း။
၉။ ငရုတ် ဆီ ပျား စသည့် အခြားသော
အရသာကောင်းတို့နှင့် မရောနှောရသော
အသားဖြစ်ခြင်း။
ဤကဲ့သို့ စက်ဆုတ်ဖွယ် အခြင်းအရာကိုးပါး
နှင့်ပြည့်စုံလေ၏။ မိဘတို့သည် ကန္တာရခရီး
ခဲမှထွက်မြောက်နိုင်ရုံသာသား၏အသားကို
စားရရှာဘိသကဲ့သို့ ရဟန်းမည်သည်သံသ
ရာမှ ထွက်မြောက်ရန်မြတ်သော အကျင့်ကို
ကျင့်နိုင်ရုံငှါသာဆွမ်းစသော အာဟာရ မှီဝဲ
စားသုံးအပ်၏။ အစာ အာဟာရ၌ နိကန္တိတ
ဏှာ မတွယ်တာအပ်ချေ။ သား၏အသားကို
စားသော မိဘကဲ့သို့ ဆင်ခြင်ရာပေသည်။
( မူလပဏ္ဍာသ၊ သမ္မာဒိဋ္ဌိသုတ် )
ဖော်ပြပါဖြစ်ရပ်တို့ကို ထောက်ထား၍ ကိုယ်
မချိအမိသော်လည်း သားတော်ခဲ၊ ကမ္ဘာမီး
လောင် သားကောင်ချနင်းဟူသော စကား
တို့သည် ဗုဒ္ဓစာပေ ကျမ်းဂန်တို့မှမြစ်ဖျားခံ
လာသော စကားတို့ဖြစ်ရုံမက လူ့လောက
တဏှာနယ်၌ယထာဘူတကျကျ သတိပေး
ဖော်ဆောင်ချက်တို့ပင်ဖြစ်သည်။
နှစ်ဖက်လှဦးကျော်လွင်
.jpg)
No comments:
Post a Comment