Wednesday, May 14, 2014
ယော ကုဒ်နံပါတ်(၅၀၄)
''ကုဒ်နံပါတ် ၅ ၀ ၄''
**************
ဒီကနေ့(10-5-2014) ထုတ်ဝေတဲ့ ဒီမိုကရေစီ စာစောင်တစ်ခုမှာ သတင်းတစ်ခု ဖတ်လိုက်ရတယ်။
သူက ဘာရေးထားသလဲဆိုရင် ချင်းလူမျိုးတွေက သူတို့ရဲ့လူမျိုးနေရာမှာ ချင်းလူမျိုးပါလို့ မထည့်သွင်းမိတဲ့သူတွေ ရှိတဲ့အတွက် အထက်ကိုပြန်ပြီး ပြင်ဆင်ခွင့်တောင်းဆိုသွားမယ်လို့ ရေးသားထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး စဉ်းစားမိတယ်။
မိမိတို့ ယောဒေသဟာလည်း သတင်းမီဒီယာသမားများ၏ အားနည်းမှုရှိတာကတစ်ကြောင်း မိမိကိုယ်တိုင်ကကို ယောနယ်မှာနေ ယောနယ်မှာကြီးပြင်းလာခဲ့ကြပေမယ့် တိုင်းရင်းသား(၁၃၅)ယောလူမျိုးရဲ့ ကုဒ်နံပါတ်ဟာ(၅၀၄) ပါလို့ လုံးဝ မသိရှိကြပဲ ယောလူမျိုးရဲ့ နေရာမှာ ဗမာလူမျိုးဟုသာ အများဆုံးထည့်ကြတာကို မိမိရောက်ရှိခဲ့တဲ့ဆောမြို့နယ်မှာ တွေ့ရှိရပါတယ်။
ယောလူမျိုးနဲ့ ပတ်သက်ပြီး မီဒီယာသမားများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးကြဖို့ တိုက်တွန်းပေးလိုက်ပါတယ်။
Labels:
ယော
Subscribe to:
Post Comments (Atom)

No comments:
Post a Comment