Wednesday, May 14, 2014
တောင်သားအမျိုးသမီး
ပျူမျိုးနွယ်တောင်သားများသည် ယောသားများနှင့်မတူပဲ သီးခြားဘာသာစကားရှိသည်။ ၀တ်စားဆင်ယင်ပုံမှာ ယောက်ျားများက မထူးခြားသော်လည်း မိန်းမများမှာ လုံချည်ကို အဖြူသပ်သပ် ၀တ်ဆင်သည်။ ကိုယ်အထက်ပိုင်းတွင် မဲစောင်ရှည်ကို လက်မောင်းရင်းအောက်မှလျှို၍ ရစ်ပတ်ကာ ရင်သားကို ဖုံးဖိအောင်စည်းထားသည်။ အပျိုနှင့် အအိုကို တဘက်ပုဝါ ရစ်ပတ်ပုံကြည့်ရုံမျှနှင့် ခွဲနိုင်ပေသည်။ အနီရောင်တဘက်ပတ်ထားလျှင် အပျိုဖြစ်၍၊ အနက်ရောင်ဆိုလျှင် အအိုဖြစ်သည်။ ယခုအခါ တောင်သားဝတ်စုံများကို မိန်းမကြီးများသာလျှင် ၀တ်ဆင်ကြ၍၊ ငယ်ရွယ်သူများမှာ မြန်မာလူမျိုးများ ၀တ်စားဆင်ယင်ပုံအတိုင်း ၀တ်ဆင်လာကြတော့သည်။
(ထီးလင်းမြို့နယ်မဂ္ဂဇင်း၊ ၁၉၉၄-ခုနှစ်)
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment