Wednesday, May 14, 2014
ယောမြို့တော်
ယောမြို့တော်၊ ဂန့်ဂေါလို့
ပြောနေကြ မြန်ပြည်ရွာမှာ
မောရေကြည် နဒီမင်းရယ်
စီးဆင်းလျက်လာ မြစ်သာနယ်နေကြောင်း။
ပြန့်ပြောလှသည့် ဟေမ၀ါတစ်ခွင်မှာနော်
ဒေါ်လာငွေရစေကြောင်း သစ်မျိုးစုံရောင်း။
သုံးမြို့နယ်စုပေါင်းလို့ တိုးတက်ကြောင်းစီမံပါတယ်
ရှေးအတိတ်ကံကောင်း။
သယံဇာတ ရေနံမှာနော်
ပုံတောင် ပုံညာမှာလွန်ပေါ
ဆော ထီးလင်း၊ ဂန့်ဂေါမှာကွယ်
လှပျိုဖြူလွန်ချော
သဘောကောင်းလို့၊အပြောချိုတယ်
အမရာလို ယောသူအပေါင်း။
ခရိုင်ဆင့် တိုးမြင့်လာတယ်
တစ်ထောင်ကိုးရာ ကိုးဆယ့်ခြောက်ခါကောင်း။
တိုးတက်ခဲ့ သာသနာမှာ၊ ယောဆရာတော်အကြောင်း
သိကောင်းလို့ မှတ်တမ်းတင်တယ်
တတ်ကျွမ်းကျင် ပိဋက အပေါင်း။
ပြောဖို့ခက် ယောမြို့ထွက် ကျက်သရေဆောင်တယ်
သာသနာ့ဗိမာန်မှာ လွန်ကောင်း။
ကားလမ်းနဲ့ ရထားလမ်းစုံတယ်
ရတနာပုံ နေ့ချင်းပေါက်လေး.........လေး။
မောင်မေတ္တာ(ဂန့်ဂေါ)
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment