Wednesday, May 28, 2014

''ယောဒေသနှင့် နဂါးမောက်သီး''


နဂါးမောက်သီးမှာ အဖြူမျိုး အနီမျိုး အဝါမျိုးဟူ၍ရှိရာ အဖြူမျိုးမှာတစ်နှစ်လျှင် ၅ ကြိမ်သီးနိုင်၍ အနီမျိုးမှာ ၆ ကြိမ်သီးနိုင်ပါသည်။
နဂါးမောက်ပင်မှာ အကြမ်းခံသောအပင်အမျိုးအစားဖြစ်၍ စိုက်ပျိုးရလွယ်ကူပါသည်။
အပင်ကို အမှီတိုင်နှင့်စိုက်ပျိုးရသောအပင်အမျိုးအစားဖြစ်သည်။
စိုက်ပျိုးသောအခါ တပေပတ်လည်ကျင်းတွင် နွားချေးမြေဆွေး (၄) ပြည် ဓါတ်မြေသြဇာ စတီးဇွန်( ၄) ဇွန်းထည့်၍ မြေနှပ်ထားရပါမည်။
များများစိုက်ပျိုးလိုပါက( ၄) တောင်ပတ်လည်တွင် တိုင်များထောင်ကာ စီးပွားဖြစ် စိုက်ပျိုးနိုင်သည်။
ပြီးမှ နဂါးမောက်ကိုင်းကို( ၉) လက်မခန့်တူး၍ စိုက်ကာ သဲကြမ်းဖြင့်ဖို့ပေးရပါမည်။
နွားချေးဖြင့် မဖို့မိဖို့ အထူးဂရုစထုက်ပါ။ရေကို (၃) ရက်ခြားတကြိမ်လောင်းပေးရပြီး (၃/၄)ပတ်ခန့်ကြာလာသောအခါ အမြစ်ထွက်လာပါသည်။
ခြကောင်များ မှိုများဖျက်ဆီးတတ်သဖြင့် တပတ်တကြိမ်ခန့် ပိုးသတ်ဆေးဖြန်းပေးပါ။
နဂါးမောက်ပွင့်မှာ များသောအားဖြင့် နေ့၌မပွင့် ညပိုင်းတွင်သာ ပွင့်လေ့ရှိသဖြင့် ''လရောင်ဆန်းပန်း''''ညဘုရင်မ''ဟု အမျိုးမျိုးခေါ်ဝေါ်ကြသည်။
ပိုးသတ်ဆေးကို အဖူးများပွင့်အာလာခါနီး (၂) ရက်ခန့်မှစ၍ မဖြန်းသင့်တော့ပေ။
နဂါးမောက်သီးကို ဝတ်မှုံကူးပြီး (၂၅) ရက်မှ (၃၀) ရက်အတွင်းရင့်မှည့်လာပါသည်။
ဆွတ်ခူးရာတွင် အညှာနားမှ လက်မဝက်ခန့်ချန်၍ အရောင်နီသောအသီးများကိုသာ ဆွတ်ခူးရပါမည်။
ပျိုးပင်ကိုင်းဆက်များကို တပင်လျှင် (၁၀၀၀) ကျပ် (၁၅၀၀) ကျပ်ဖြင့် အရောင်ပေါ်မူတည်၍ ပေးဝယ်ရပါသည်။
နဂါးမောက်သီးကို (၇၀၀/၁၀၀၀) ကျပ်ဖြင့် ရောင်းဝယ်နေကြကြောင်းသိရှိရသည်။
(၁/၂)နှစ်အတွင်း နဂါးမောက်ပင်များစိုက်ပျိုးပြီး စားသုံးနေရပြီဖြစ်သော နဂါးမောက်သီးများကို လောင်းရှည်ဒေသ ဆီမီးရွာတွင် တွေ့ရှိခဲ့ပါသည်။

No comments:

Post a Comment