Wednesday, May 28, 2014

ယောအသင်း စင်္ကာပူ

 အမှတ်တရ
ယောအသင်း စင်္ကာပူ
ယော အ သင်း စင် ကာ ပူ တည် ထောင် ခဲ့ တာ လဲ ဒီ နေ့ ဟာ ၆ နှစ် တင်း တင်း ပြည့် ပါ ပြီ။ စေတနာ တရား ထက် သန် စွာ အဖက် ဖက် မှ ပါဝင် ခဲ့ ကြ တဲ့ ယော သူ ယော သား အား လုံး ကို အ သင်း ကြီး ရဲ့ ကိုယ် စား ကျေး ဇူး အထူး တင် ပါ တယ် လို့ ပြော ကြား ပါ ရစေ။ အ ခု လို စု ပေါင်း ဒါ န ပြု ကြတာ မှာ တက် တက် ကြွ ကြွ ပါ ဝင် ကြ တဲ့ အတွက် လဲ ဝမ်း မြောက် စွာ သာ ဓု ခေါ် ပါ တယ်။
 သာ ဓု သာ ဓု သာ ဓု
ဦးမြတ်ခင်
ဥက္ကဌ
ယောအသင်း စင်္ကာပူ
ယောအသင်းဖြစ်ပေါ်လာရခြင်းအကြောင်း
ယောနယ် ဇာတိဖွား မိမိသည် သီရိလင်္ကာနိုင်ငံ ကေလနိယတက္ကသိုလ် (University of Kelaniya)တွင် ပညာသင်ကြားနေသည့် ရဟန်းတော်တစ်ပါးဖြစ်ပါသည်။ တက္ကသိုလ်အားလပ်ရက် အတွင်း ဒေသန္တရဗဟုသုတရရန် ရည်ရွယ်ချက်ဖြင့် စင်္ကာပူနိုင်ငံသို့ လာရောက်ခဲ့ရာ (၁၀.၄.၂၀၀၈) ရက်နေ့တွင် ဒေါက်တာကိုနိုင်+ မအေးအေးဝင်းတို့မိသားစုမှ မိမိအား ဆွမ်းစားပင့်ဖိတ်၍ ကြွရောက်ခဲ့ရာ ၄င်းတို့အိမ်တွင် ယောသူယောသား များကို စတင်တွေ့ရှိရာမှ မိမိစိတ်ကူးတွင် မိမိ၏ ကျေးဇူးတော်ရှင် ဆရာတော်ကြီးတိပိဋက ယောဆရာတော်(လက်ပန်ဆရာတော်)သည် မြန်မာ နိုင်ငံ ရန်ကုန်၊ မန္တလေး၊ ကလေး စသောမြို့ များတွင် ယောနယ်အသင်းများ ထူထောင်၍ သာသနာ ပြုတော်မူသလို ယောဆရာတော် (လက်ပန်ဆရာတော်)၏ တပည့်တစ်ပါး ဖြစ်သူ မိမိကလည်း စင်္ကာပူနိုင်ငံသို့ ရောက်ခိုက် ပြန့်ကြဲနေသော ယောသူယောသား များကို စုစည်းကာ ယောအသင်း ပြုလုပ်လျှင် ကောင်းမည်ဟု စိတ်ကူးပေါ်ပေါက် လာ ခဲ့ သည်။
သို့ဖြစ်၍ နီးစပ်ရာ ယောသူယောသားများကို တယ်လီဖုန်းဖြင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။ ယောသူယောသားများ ကိုယ်တိုင်ကလည်း `သိပ်ကောင်းတဲ့ အကြံအစည်ပါ။ ဦးဇင်း ဦးဆောင်လျှင် ဖြစ်နိုင်ပါသည်။ အခြားအခြားသော အသင်းအဖွဲ့များ ရှိသကဲ့သို့ တပည်တော်တို့ ယောအသင်းလည်း ရှိသင့်ပါသည်။´ဟု ပြန်လည်လျှောက်ထားကြသဖြင့် မိမိတတ်နိုင်သမျှလက်လှမ်းမှီရာ ကိုစည်းရုံးလှုံ့ဆော်ရင်း ယခုကဲ့သို့ယောအသင်း(YAW COMMUNITY) ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။ ယခုအခါစင်္ကာပူနိုင်ငံကိုဗဟို ပြု၍ ပြည်ပရောက်ယောသူယောသားများ စုစည်းသောယောအသင်း စတင်ပေါ်ပေါက်လာ ပြီဖြစ်ရာစည်းလုံးညီညွတ်သောလူသားချင်း စာနာထောက်ထားသော ဂုဏ်အဆင့်အတန်းမခွဲခြားဘဲပွင်းလင်းရင်းနှီးသော ချစ်ကြည်ရေးစိတ်ဓာတ်များဖြင့်ပြည်ပ ရောက်ယောအသင်း ဆက်လက်ရှင်သန်နိုင်ရန် ကြိုးစားရမည် ဖြစ်ပါသည်။
ဦးပဇင်း ဦးတိက္ခ
yawcommunity at Sunday,
April 27, 2008

ယောအသင်း၏ ရည်ရွယ်ချက်များ
၁။ ယောသူယောသား အချင်းချင်း သုံးလတစ်ကြိမ် (သို့မဟုတ်) ခြောက်လတစ်ကြိမ် တွေ့ဆုံခြင်းဖြင့် စည်းလုံးညီညွတ်မှု ရှိစေရန်၊
၂။ ယောသူ ယောသားများ ကျန်းမာရေး လူမှုရေး (သာရေး နာရေး) ပေါ်ပေါက်လာလျှင် ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးနိုင်ရန်၊
၃။ အခါအားလျော်စွာ ကုသိုကောင်းမှုများ အတူတကွ ပြုလုပ်နိုင်ရန်၊
yawcommunity at Sunday,
April 27, 2008
ကဆုန်လပြည့် (ဗုဒ္ဓနေ့) Vesak day နေ့တွင် မွေးဖွားလိုက်သည့် စင်္ကာပူရောက်ယောအသင်း
20. 05. 2008 ၁၃၇၀-ခု၊ ကဆုန်လပြည့် (19,5,2008) ဗုဒ္ဓနေ့တွင် စင်္ကာပူနိုင်ငံဓာတ်တော် ကျောင်းတိုက်၌ ယောအသင်း အစည်းအဝေးကို ညနေ (၄) နာရီ အချိန်တွင်ကျင်းပပြုလုပ်ခဲ့ သည်။ယင်းအစည်းအဝေး၌ -၆-လ တကြိမ် တွေ့ဆုံဆွေးနွေး ခြင်းဖြင့်စည်းလုံးညီညွတ်ချစ်ခင် ရင်းနှီးမှုရရှိစေရန်၊သာရေးနာရေး လူမှုရေးများကို ဝိုင်းဝန်း ကူညီဖြေရှင်း ပေးနိုင်ကြရန်၊ အခါအားလျော်စွာ ကုသိုလ်ကောင်းမှု ပြုလုပ်ရန် စသည့် ယောအသင်း၏ ရည်ရွယ်ချက်များကို အစည်းအဝေးတက်ရောက်လာသူအားလုံးက အတည်ပြုခဲ့ကြ သည်။ ယောအသင်းရေရှည် တည်တံ့ပြီး လုပ်ငန်းကိစ္စများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်
ယောအသင်း၏နာယကဆရာတော် အဖြစ်အရှင်တိက္ခဥာဏာလင်္ကာရ(သီရိလင်္ကာ)၊
အမှုဆောင်ကော်မတီဝင်များအဖြစ် -
၁။ဦးမြတ်ခင်(ဂန့်ဂေါ-ကန်သာ)
၂။ကိုကြည်ညွန့်ရှိန်(ဂန့်ဂေါ-ေ
ကျာ)၊
၃။မမြင့်စိန်(ထီးလင်း၊အောင်း)
၎။ကိုထွန်းလှိုင်(ကလေး)-တို့ကိုရွေးချယ်တင်မြှောက်ကြပြီးအစည်းအေ
ဝးတက်ရောက်လာသူအားလုံးကယောအသင်း
ရန်ပုံငွေအဖြစ်စုပေါင်းပါဝင်လှူဒါန်းကြသည်။ထို့နောက်အသင်းသူ/သားအားလုံးလစဉ်ကြေးအဖြစ်စင်္ကာပူေ
ဒ်ါလာ(၁၀)
ထည့်ဝင်ကြရန်သဘောတူ ဆုံးဖြတ်ပြီးညနေ(၆)နာရီတွင် စင်္ကာပူရောက်ယောအသင်း အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
yawcommunity at Tuesday,
May 20, 2008

ယောအသင်း ဝင်လိုသူများသို့
14 MAY 2014
ဂန့်ဂေါ ၊ ထီးလင်း ၊ ဆော ၊ လောင်းရှည် ၊ ကလေး - (၅) မြို့နယ်အတွင်း မွေးဖွားသူ မည်သူမဆို ယောအသင်းသို့ ဝင်ရောက်နိုင်ပါသည်။
ဆက်သွယ်ရန်နှင့် စုံစမ်းရန်-U Myat Khin... +65 9066 9587, Ma Myint Sein.... +65 8338 5525, Ma Khin Aye Myint... 9061 8498, Ma Aye Aye Win.... 9061 3252 , MA NILAR KHAING ....9007 5659,KO MYO ZAW.... +65 9851 0528 , Myo Thet Lin .... 9183 5057 ,Myo Kyaw Lin... 93372293, Aye Min Aung.... 9773 4305, Aung Htay Min .... 91718405.
အားလုံး တက်တက်ကြွကြွ ညီညီညွတ်ညွတ်ဆောင်ရွက်နေတဲ့အတွက် အဝေးကနေ ဝမ်းသာပါတယ်။

ASHIN TIKKHA
နာယကဆရာတော်
ယောအသင်း စင်္ကာပူ
11 MAY 2014
2009 ခုနှစ်နောက်ပိုင်းတွင် အသင်းကြေးကို 5$$ သာ ထည့်ဝင်ရန်ပြောင်းလည်းခဲ့သည်၊၊
2011 ခုနှစ်တွင် စင်္ကာပူနိုင်ငံ၌ အခါအားလျော်စွာ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသည့် အပြင် ယောနယ်ဒေသသို့ အလှူအတန်းပြုလုပ်ရန် သဘောတူခဲ့ကြပြီး တနှစ်ကို တမြို့ အလှည့်ကြ လှူဒါန်းခဲ့ကြပါသည်၊၊ကျန်းမာရေး ပညာရေး ကဏ္ဍ တို့၌ အဓိက ထား၍ လှူဒါန်းခဲ့ကြပါသည်၊၊
29 MARCH 2014 က ရွာလုံးကျွတ်မီးလောင်ခဲ့သော ဆောမြို့နယ် / ယန်းငကွက်ရွာအတွက် လှူဒါန်းရန် ဥက္ကဌကြီး ဦးမြတ်ခင် ၏ တိုက်တွန်းချက်အရ ယောအသင်းစင်္ကာပူ ရန်ပုံငွေ မှ $$300, ဦးမြတ်ခင်+ ဒေါ်ခင်ဌေးသန့် မိသားစုမှ $$100. မတည်၍ အလှူငွေကောက်ခံခဲ့ရာ
စင်္ကာပူရောက်ယောသူယောသားများမှ လှူဒါန်း ကြ၍ စုစုပေါင်း ရရှိငွေ
$$1781. ( 1,358,160 ကျပ်) ရရှိခဲ့ပါသည်၊၊
လှူဒါန်းမှု အစုစုများ----
1. ဓာတ်တော်ကျောင်းတိုက်၌ ဝါဆိုသင်္ကန်းကပ်လှူပွဲ (2008)
2.မင်္ဂလာ ဝိ ဟာ ရ ကျောင်း တိုက် ၌ ပြု လုပ် သော ဓာတ်တော်ကျောင်းတိုက် ကထိန် သင်္ကန်းကပ်လှူပွဲ ( 1 NOV 2009 )
3. ရန်ကုန် ယောနယ်အသင်း ဓမ္မာရုံ အတွက် ၁၂ သိန်း၊၊ (2010)
4. Vipassana Meditation Centre (Singapore), 251 Lavender St, ၌ ဝါဆိုသင်္ကန်း ကပ်လှူပွဲ၊၊ 12 AUG 2012.
5.ထီးလင်းဆေးရုံကြီးသို့ ECG စက်တစ်လုံး ( ၁၂ သိန်းတန်)2012.
6. ကျောက်ထုဆေးရုံသို့ ECG စက်တစ်လုံး (2013)
7.ဂန့်ဂေါဆေးရုံကြီးသို့ ECG စက် ၃ လုံး
(2013)
8. ထီးလင်း အထက ကျောင်းသို့ COMPUTER & PROJECTOR(၁၈ သိန်း) 2014.
9. 29 MARCH 2014 ရက်နေ့ကရွာလုံးကျွတ် မီးဘေးသင့်ခဲ့သော ဆောမြို့နယ် ယန်းငကွက်ရွာ(၂၃ အိမ်) အတွက်
တအိမ်ကို ဆန်တတင်း ၊ ငွေကျပ် ၃၀၀၀၀ ၊ ပိုက်ဖြာတစ်ချပ် စီ ( 1,358,160 ကျပ်)
2015 ခုနှစ်အတွက် လှူဒါန်းမှု အလှည့်ကျရောက်သည့်မြို့ ကတော့ ဆော၊ကျောက်ထု ဖြစ်ပါတယ်၊၊
http://www.yawcommunity.org/?m=1
myatkhin42@gmail.com
msein31@gmail.com
Khinayemyint2@gmail.com
Khineggw2004@gmail.com
aghtaymin@gmail.com
Myothet80@gmail.com
Myokyaw540@gmail.com

No comments:

Post a Comment