ပွင့်လင်း ရာသီရောက် ချိန်တွင် ယောနယ်၌ သွားရေး လာရေး အဆင်ပြေ စေရန် ချောင်းကူး၊ မြစ်ကူးဝါး တံတားလေး များဖြင့် ကိုယ့်အား ကိုယ်ကိုး ပြုလုပ်ကာ သွားလာ နေရကြောင်း သိရသည်။ ၀ါးတံတားလေး များကို တစ်ရွာ နှင့် တစ်ရွာ ကူးလူး သွားလာ ရာ၌လည်း ကောင်း၊ တောတောင်များ အတွင်းရှိ လယ် ယာ တောများသို့ သွားလာ ရာ၌ လည်းကောင်း လွယ်ကူစွာ ဖြတ်သန်း နိုင်ရန် ဆောက် လုပ်ထား ကြခြင်း ဖြစ်သည်။ ၀ါး တံတားလေး များမှာ ချောင်း ရေ၊ မြစ်ရေ ကျလာသည့် အခါ ရေထဲတွင် ငုတ်စိုက် ၍ အပေါ်က ၀ါးတန်း၊ ၀ါးကပ် ခင်းကာ တည်ဆောက် ထားခြင်း ဖြစ်သည်။ ချောင်း၊ မြစ်များ တွင် ဖြတ်ကူး ရသော ၀ါးတံတားကြီး များကို ရွာသူ ရွာသား တို့၏ လုပ်အား ဒါန အဖြစ် စုပေါင်းတည် ဆောက်ကြပြီး ယာခင်းသွား ချောင်းငယ် မြောင်းငယ် များတွင် ကိုယ့်အား ကိုယ်ကိုး ဆောက်လုပ် ကြသည်။
Friday, May 30, 2014
ယောနယ်တွင် ၀ါး တံတားလေး များကို အားကိုး သွားရ

Subscribe to:
Post Comments (Atom)

No comments:
Post a Comment