Friday, May 30, 2014

“လူယုတ်နဲ့ လူမြတ်”


ဒီတော့ လူယုတ်နဲ့ လူမြတ်ကို ဘာနဲ့ခွဲမလဲ။
“အကျင့်”နဲ့ခွဲမယ်။
အမျိုးနဲ့မဆိုင်ဘူး။ဇာတ်နဲ့မဆိုင်ဘူး။မွေးဖွားခြင်းနဲ့မဆိုင်ဘူး။
ရွှေနန်းတော်ကြီးထဲမှာ ရွှေပလ္လင်ကြီးပေါ်မှာနေပေမယ့်
လူမြတ်ကျင့်စဉ်ကျင့်မှ သူဟာ လူမြတ်။
သစ်ပင်အောက် တဲကုပ်ထဲမှာ နေပြီးတော့
လူမြတ်ကျင့်စဉ်ကိုကျင့်ရင် သူလည်းလူမြတ်ပဲ။
ရွှေပလ္လင်ကြီးပေါ်မှာ ရွှေနန်းတော်ကြီးထဲမှာ
“လူယုတ်မာ ကျင့်စဉ်တွေ”ကို ကျင့်နေလို့ရှိရင်
တစ်ကိုယ်လုံးရွှေရေတွေ သွန်းထားပေမယ့်
သူလည်း လူယုတ်ပဲ မဟုတ်လား။
သစ်ပင်အောက်နေပြီးတော့ လမ်းတကာမှာ
လူတကာ ပေးတာလေး တောင်းရမ်းစားသောက်နေပေမယ့်
လူမြတ်ကျင့်စဉ်ကို ကျင့်နေနိုင်ရင် သူ လူမြတ်ပဲ ဖြစ်တာပဲ။

-【သီတဂူဆရာတော်ဘုရားကြီး】

No comments:

Post a Comment