Saturday, May 31, 2014

ဗုဒ္ဓရဲ့ဝါဒ... ခန္တီ



ခန္တီ. . . မြေကြီးပေါ်မှာ ဒီလူတွေ နေတယ်၊ ဒီလူတွေ နေ့တိုင်း. . .,
စကားလုံးလေး နဲနဲရိုင်းရိုင်းလေးပြောရင် ခန္တီအဓိပ္ပါယ် ပိုရှင်းတယ်။
သည်းခံပြီးနားထောင်ပါ၊ ဂမ္မဒေါသရောက်တယ်လို့ အပြစ်မတင်ပါနဲ့၊
ဒီမြေကြီးပေါ်မှာ နေတဲ့ ဒီလူတွေ ဒီမြေကြီးပေါ်မှာ ဒီလူတွေ ချေးယို
တယ်၊ သေးပေါက်တယ်။ မြေကြီးဘယ်တော့မှ reject-မလုပ်ပါဘူး။
ယိုချင်တိုင်း ယို၊ အရှိ အရှိအတိုင်းထား။ ဒီလူတွေပဲ ဒီမြေကြီးကို လှ
ချင်လို့ ပန်းတွေနဲ့ အလှပြင်ပြန်ရော…၊ ဟာ…ငါ့မြေကြီး သိပ်လှနေပြီ
ဆိုပြီးတော့ စိုက်ထားတဲ့ ပန်းပင်တွေကို ဒီမြေကြီးက attach-လည်း
မဖြစ်လို့ accept- လည်း မလုပ်ပါဘူး။ လှလို့လည်း မမက်မောဘူး။
ညစ်ပတ် အရုပ်ဆိုးလို့လည်း စိတ်မပျက်ဘူး ။ အဲဒါဟာ quality ,
qualification of leader . ခေါင်းဆောင်တွေမှာ ဒါဟာ အရေးကြီး
တဲ့ အရည်အချင်းပဲ။ ကောင်းချင်တိုင်းကောင်း မမက်မောဘူး ၊ ဆိုး
ချင်တိုင်းဆိုး စိတ်မပျက်ဘူး။ မြေကြီးနဲ့ တူတဲ့အကျင့် ခန္တီခေါ်တယ်။
အကျယ်တ၀င့်ပြောဖို့ ဘုန်းကြီးတို့ ဒီနေ့ အချိန်မယူပါဘူး ။ နိဒါန်း
လောက်ပြောရင် ဘုန်းကြီးတို့တရားတွေ ရှာပြီးနာပါ။ ခန္တီ။ "အမှာကံ
ဗုဒ္ဓေါ အဟု ခန္တိဝါဒေါ " ။ တို့ဗုဒ္ဓဟာ ဘာဝါဒလဲ ? ခန္တီဝါဒပါဘုရား။
အားလုံးမြေကြီးလို ကျင့်သုံးကြရမယ်။ မကောင်းဆိုးဝါးတွေ လာချင်
တိုင်းလာ စိတ်မပျက်ပါဘူး ။ အကောင်းနဲ့ အဆိုးတွေ ပေးချင်တိုင်း
ပေး၊ မမက်မောပါဘူး။ ခန္တီတရား . . . ဒါဟာ ဗုဒ္ဓရဲ့ ၀ါဒပဲ။

( သီတဂူဆရာတော် အရှင်ဥာဏိဿ      ရ)

No comments:

Post a Comment