Saturday, May 31, 2014
ယောသူတို့ရွာ (ရွှေအိမ်စည်)
ကျမတို့ ရဲ့ဒေသလေးကိုထုတ်ဖော်ပြောပြချင်ပါတယ် ။
ကျမ တို့ယောဒေသလေးဟာမြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းထဲမှာတည်ရှိပါတယ်။ ဂန့် ဂေါ၊ ထီးလင်း ၊ကျောက်ထု၊ ဆောမြို့ဆိုပြီးရှိပါတယ်။ ယောဒေသကိုတောင်တန်းကြီးတွေကကာရံလို့ ပေါ့ ။ အဲဒီတောင်တန်းတွေထဲမှာ လူတိုင်းသိလောက်တဲ့ ပုံတောင်၊ပုံညာတောင် ဆိုတာပါတယ်။ လူသားအစမြန်မာက လို့ ပြောတဲ့ပုံတောင်လေ၊ ပုံတောင်ထိပ်မှာ အမေရေယာဉ်နတ်နန်းရှိပါတယ်၊အဲဒီတောင်ခြေကနေ မောချောင်း၊ယောချောင်းတို့စီးဆင်းတယ်လေ၊မောချောင်းကတော့မြစ်သာမြစ်ထဲကိုပေါင်းဆုံသွားပါတယ်။ သူတို့ အားလုံးရဲ့ထူးခြားချက်ကတော့ မြန်မာနိုင်ငံရဲ့တစ်ခြားသောမြစ်များနဲ့ မတူပဲဆန့် ကျင်ဘက်ကိုစီးတာပါ၊ ဒေသရဲ့ထူးခြားချက်လေးတွေပေါ့။
ယောဒေသကလူတွေရဲ့ထူးခြားချက်လေးတွေလည်းရှိပါတယ်၊ ယောသူ၊ယောသားတွေဟာအများသောအားဖြစ်ရိုးသားကြတယ်၊ ပွင့်လင်းတယ်၊ တစ်ဦးနဲ့တစ်ဦးကူညီရိုင်းပင်းကြတယ်။
ချစ်စရာဓလေ့လေးတွေလဲရှိပါတယ် သနပ်ခါးပါးတို့ ပွဲ၊ ဖိုက်ခြင်းတောင်း(မိုးခေါ်ပွဲ)၊ သနပ်ခါးပါးတို့ ပွဲမှာလူတန်းကြီးလှည့်နေတာပေါ့တစ်ယောက်နဲ့ တစ်ယောက်သနပ်နပ်ခါးပါး တို့ပေးကြတာတကယ်ကြည်နူးစရာပါ၊ ဖိုက်ခြင်းတောင်း(မိုးခေါ်ပွဲ) ကျမ လဲတစ်ခါပဲကြုံဖူးတယ်ယောဒေသကတောင်တန်းတွေထူပေမ့ယ်မိုးခေါင်လို့ မိုးခေါ်ကျတာလေ နတ်ဆရာတွေကရွတ်ခြင်တာရွတ်ပြီး ကပွဲတွေနဲ့မိုးခေါ်တာတဲ့ကြည်နူးစရာပါပဲ။
ပြီးတော့ကျမတို့ဒေသလေးမှာပျူလူမျိုးတွေရဲ့အနွယ်၊အဆက်တွေလို့လူကြီးတွေပြောတာကြားဖူးတဲ့ တောင်သားလူမျိုးဆိုတာလည်းရှိပါတယ်။ ယောဒေသကလူတွေဟာ ရိုးသားပြီးစည်းလုံးညီညွတ်စွာနေထိုင်ကြတာပါပဲ။
ရေနံလုပ်ငန်း
ပုံတောင်ပုံညာ ခင်အေးရေနံမှော်တွင် ရေနံထွက်နှုန်းအားကောင်းလာ၍ ပြန်လည်စည်ကား
ပုံတောင်ပုံညာ တောင်ကြော ခင်အေးရေနံမှော်သည် ယနေ့တိုင် ရေနံထွက်အား ကောင်းနေဆဲဖြစ်ကြောင်း သိရှိရပါသည်။ ယောဒေသ အတွင်းတည်ရှိသော ပုံတောင်ပုံညာကြောသည် ရေနံအထွက်ကောင်းသည့် ဒေသဖြစ်ကြောင်း သိရပါသည်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကပင် ခင်အေးရေနံမှော်သည် ယောနယ်၏စီးပွားရေးကို ဦးမော့စေခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သိရှိရပါတယ်။
"လွန်ခဲ့တဲ့သုံး၊ လေးနှစ်က ရေနံထွက်နှုန်းကျသွားလို့ ရေနံမုဆိုးတွေလည်း ရေကြည်ရာမြက်နုရာ ရှာဖွေခဲ့ကြရတယ်။ အခုပြန်လည် ထွက်အားကောင်းလို့ အရင်ကလို စည်ကားလာပါပြီ"ဟု ဒေသခံတစ်ဦးက ပြောကြားသံကိုခရီးသွားရင်းကျနော်ကြားခဲ့ ရပါသည်။
ခင်အေးရေနံမှော်တွင် ကုမ္ပဏီကြီးလေးငါးခုမှ လုပ်ခွင့်တူးဖော်ခွင့်များ ရယူထားပြီး ရေနံတူးသမားများက ထွက်ရှိသော ရေနံများကိုဆိုင်ရာကုမ္ပဏီသို့ ရောင်းချရသည်။ မေလပေါက်ဈေးသတင်းအရ ရေနံဈေးကျပ်ကိုးသောင်းခန့်ရှိသည်ဟု သိရသည်။
ရေနံတွင်းတစ်တွင်း၏ အရင်းအနှီးသည် ကျပ်ဆယ်ငါးသိန်းမှ ကျပ်နှစ်ဆယ့်ငါးသိန်းထိရှိပြီး ရေနံကျင်းတစ်ကျင်း၏ လုပ်အားခနှုန်းသည်ပင် ငါးသိန်းနီးပါးကုန်ကျသည်ဟုလည်း သိရပါသည်။
ဥယျာဉ် ခြံထွက်သီးနှံ
ယောဒေသ ဥယျာဉ် ခြံထွက်သီးနှံ ဈေးသည်များ တွေ့ရသကဲ့သို့ ကလေး ဒေသဘက်မှ လာသော ပြောင်းဖူး၊ ခရမ်းချဉ်၊ ပန်းသည်များလည်း တွေ့ရသည်။ တမူးနယ် ခမ်းပတ်ဒေသမှ လာသော ဆိုင်ကယ်ဈေးသည်များတွင် ငှက်ပျောသီး၊ ကြံသကာ၊ ဖွဲ၊ ဆန်ကွဲ၊ ကြံ၊ သံပရာ စသည့် သီး နှံစုံ၊ ဈေးသည်စုံကို တွေ့ရသည်။ ချင်းတွင်းမြစ်ရိုး ကလေးဝ ဒေသဘက်က မြစ်ငါး၊ မြစ်ပုစွန်များကို ဆိုင်ကယ်နှင့် အပြေးအလွှား လာရောင်းကြသည်။
တပင်တိုင်မြနန်းပင်
ပခုက္ကူယောနယ်ဒေသထွက် ဆေးဖက်ဝင် တပင်တိုင်မြနန်းပင်များကို တရုတ်ဝယ်လက်များက ဈေးကောင်းပေးဝယ်ယူလာကြောင်း သိရသည်။ ယောနယ်ပုံတောင်၊ ပုံညာဒေသ ၌ တပင်တိုင်မြနန်း ပင်များ အလေ့ကျပေါက်ရောက်နေပြီး ဒေသခံြ ပည်သူများ က ရှာဖွေ၍ ဈေးကွက်သို့ တင်ပို့ ရောင်းချ နေရာ တစ်ဖက် တစ်လမ်းမှ ယောဒေသ နေပြည် သူများ ၀င်ငွေ ကောင်းများရရှိ နေသည်။ မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင်သည် ချင်းတောင်- ယောနယ် ပုံတောင်၊ ပုံညာမြေဒေသနှင့် ဆက်စပ်နေ သောကြောင့် ရှားပါး ဆေးဖက် ၀င်အပင်များ နေ့စဉ် ၀င်ရောက်လျက်ရှိ ကြောင်း သိရသည်။ တပင်တိုင်မြနန်း ပင်သည် အစွမ်း ထက်ဆေးဖက်ဝင်၍ အနီအဖြူ နှစ်မျိုးရှိကြောင်း၊ အနီက ပို၍ အစွမ်းထက် ကြောင်း သိရသည်။ တပင်တိုင်မြနန်း အား Edible Stemmed Vine ဟု အင်္ဂလိပ်လိုခေါ် ပြီး ဟိန္ဒူ ဘာသာဖြင့် Hadjo ဟုခေါ်ဆိုကြသည်။ တပင်တိုင်မြနန်း သည် အမြစ်ပိုင်း က အစွမ်းအထက် ဆုံးဖြစ်ပြီး ပခုက္ကူ မြို့ကြီး ၌ မျိုးတစ်ပိဿာ ကျပ် ၃၀၀၀ မှ ၅၀၀၀ ဈေးဝန်း ကျင် ရှိသည်။ သွေးခဲခြင်း မြစ်ပွား နားဖြစ်ခြင်း၊ သွေးဖြူ ဥတိုးပွားခြင်း တို့အား အထူးကာကွယ် နိုင်စွမ်းရှိ ၍ တရုတ်ပြည်မကြီး မှ ဈေးကောင်းပေးဝယ်ယူလျက်ရှိကြောင်း သိရသည်။
(ယောအသင်း)ရဲ့ကဗျာလေးတစ် ပုဒ်ပါ ယော
၂၁-၀၅-၂၀၀၈
၁။ ချစ်ခင်ညီညွတ် ရောက်လာတတ် သိမှတ်ယောခေါ်သည်။ ချစ်ခင်စရာ ဖြစ်တတ်ပါ မှန်စွာယောခေါ်သည်။ ချစ်ခင်ကြည်ဖြူ သိတတ်မူ မှတ်ယူယောခေါ်သည်။
၂။ ချမ်းသာသုံးရပ် ရောက်စေတတ် သိမှတ်ယောခေါ်သည်။ ချမ်းသာသုံးဖြာ ဖြစ်စေပါ မှန်စွာယောခေါ်သည်။ သစ္စာလေးဆူ သိစေမူ မှတ်ယူယောခေါ်သည်။
၃။ ချစ်ခင်လေးမြတ် ရောက်ရှိအပ် သိမှတ်ယောခေါ်သည်။ ချစ်ခင်လေးမြတ် ဖြစ်စေအပ် မချွတ်ယောခေါ်သည်။ ချစ်ခင်လေးစား သိအပ်ငြား မှတ်သားယောခေါ်သည်။
၎။ ချမ်းသာသုံးတန် ရောက်ကြောင်းမှန် ဧကန်ယောခေါ်သည်။ ချမ်းသာသုံးဖြာ ဖြစ်ကြောင်းမှာ မှန်စွာယောခေါ်သည်။ သစ္စာလေးဆူ သိကြောင်းဟူ မှတ်ယူယောခေါ်သည်။
၅။ ကောင်းစွာရောက်ရာ နိဗ္ဗာန်မှာ မှန်စွာယောခေါ်သည်။ ကောင်းစွာဖြစ်ရာ မြတ်ချမ်းသာ မှန်စွာယောခေါ်သည်။ ကောင်းစွာသိရာ တရားမှာ မှန်စွာယောခေါ်သည်။
၆။ တရားအစု မြတ်ကောင်းမှု မှတ်ရှုယောခေါ်သည်။ တရားကိုချစ် ယောအစစ် အနှစ်ပိုင်ဆိုင်သည်။ ယောသူယောသား ရိုးဖြောင့်ငြား စိတ်ထားဖြူးရမည်။
မှတ်ချက် ။ ။မိမိတို့ဒေသ ယောဆိုသည့်စကားလုံးမှာ ပါဠိစကားလုံးဖြစ်သည်။ ၄င်းပါဠိစကားလုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဝိဂြိုဟ် ဝစနတ်နှင့်အညီ တိပိဋကယောဆရာတော်မှ ကဗျာသီကုံးထားခြင်းဖြစ်သည်။
ကျမရဲ့တင်ပြမှုသည်ပြည့်စုံခြင်းမရှိပါသိသလောက်သာတင်ပြခြင်းပါ။(ရွှေအိမ်စည်)
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)

No comments:
Post a Comment