Tuesday, May 13, 2014
““ယောသူတို့ရွာ””
နိုင်ငံအနောက်ပိုင်း ချင်းတိုင်းအရှေ့ဘက်
ပုံတောင် ပုံညာတောင်တန်း တောင်တန်းတိုင်းမှာ
တောင်ခိုးတွေဝေ တိမ်တွေကဖွေး
မြူတွေကထ နှင်းတွေကကျ
မိုးတွေကရွာ မှိုင်းတွေကတိုက်
တွေးကြည့်ကြည့် ငေးကြည့်ကြည့် အဝေးကပဲကြည့်ကြည့်
အားလုံးဟာ အဖြူရောင်တွေချည်းပဲ
ဘာရောင်နဲ့မှ မတူတဲ့ အဖြူရောင်တွေဆိုတာ
ယောတောင်တန်းကြီးပေါ်မှာပဲ ရှိတယ်။
ဒါကြောင့် သူတို့အားလုံးရဲ့ နှလုံးသားတွေကလည်း ဖြူစင်တယ်
အေးမြတယ် ငြိမ်းချမ်းတယ်
ငြိမ်းချမ်းစွာ နေလိုသူတိုင်း
အေးချမ်းစွာ နေလိုသူတိုင်း
ယောတောင်တန်းကြီးပေါ်က ဖိတ်ခေါ်ပါတယ်
အသံက၀ဲဝဲ အားသားကဖြူဖြူ
ဝါးခမောက်အကြီးကြီးကို ဆောင်းတဲ့သူကတော့
သဘောဖြူတဲ့ ယောသူပေါ့
မြန်မာစကားသံ ၀ဲဝဲလေးကို
ကြားချင်ရင် အလည်လာခဲ့ပါလား
မှိုင်းပျပျ တောင်တန်းကြီးပေါ်က
ယောသူတို့ရွာ ကို ။
Labels:
ယော
Subscribe to:
Post Comments (Atom)
.jpg)
No comments:
Post a Comment