တောင်သားအစ ပျူက
ပုဂံပြည့်ရှင် သမုဒ္ဒရာဇ်မင်း၏ မိဖုရားမှာ စန္ဒာဒေ၀ီဖြစ်သည်။စန္ဒာဒေ၀ီ၏မောင်မှာ ပန်းပဲသမား ငစိန့်ဖြစ်သည်။
မောင်နှမနှစ်ယောက်လုံး ပျူလူမျိုးများဖြစ်သည်။သမုဒ္ဒရာဇ်မင်းကြီးကို တစ်ပါးသူကုန်းချော၍
ငစိန့်မှာ သေမိန့်ချခံရသည်။ငစိန့်နှင့်ဆွေမျိုးများအားလုံး ပုဂံပြည်မှ ပခန်းကြီးနယ် သံဖိုကြီးသို့ပြေးရသည်။
ရှမ်းစစ်သည်တို့လိုက်လာသည်။သည်မှယောနယ်ဒေသဘက်သို့ပြေးရသည်။တောင်ကုန်းတောင်တန်းတို့ကို ဖြတ်ကျော်ရသည်။မိန်းမသားတို့မှာ ပင်ပန်းလာသည်။သက်လုံမကွဲစေရန်ရင်မှာ တဘက်စည်းရတော့သည်။တောင်ကြီးမှာပုန်း၍ပြေးရသဖြင့် ၄င်းတောင်ကို ပုန်းတောင်ဟုခေါ်ခဲ့သည်။ပုန်းတောင်အနောက်ဘက်ရောက်သောအခါ ရှမ်းစစ်သည်တို့နောက်ဆုတ်သွားသည်ကို ငစိန့်တို့မြင်ကြသည်။ငစိန့်တို့ဝမ်းသာလွန်း၍ ညာသံပေးသည်။ပြေးလည်းပြေးကြသည်။ထိုတောင်ကို ပုန်းညာတောင်ဟုခေါ်ခဲ့သည်။ပုန်းတောင်ပုန်းညာမှသည် နောက်ကာလကြာသောအခါ (ပုံတောင်။ပုံညာ)
ဟူ၍ ပြောင်းလဲခေါ်လာကြသည်မှာ ယနေ့အထိဖြစ်သည်။ ရှမ်းစစ်သည်ကိုကြောက်၍ ရှောင်ရင်းတိမ်းရင်း ပြေးရင်းလွှားရင်း စကားတစ်မျိုးထွင်၍ပြောကြသည်။လူမျိုးတစ်မျိုးကဲ့သို့လည်း အသွင်ဖျောက်၍နေကြသည်။ထိုမှစ၍တောင်သားစကား၊တောင်သားလူမျိုးဟူ၍ ဖြစ်ပေါ်လာရပါသည်။ယောနယ်ဒေသတွင် တောင်သားတို့မူရင်းဇာတိမှာ ထီးလင်းမြို့နယ်၊သံပုရာကျေးရွာအနောက်ဘက်စခန်းဖြစ်သည်။ထိုစဉ်ကယင်းနေရာကို ရောင်းပြားရွာဟုခေါ်ခဲ့သည်။ ၄င်းဒေသမှစ၍ တောင်သားလူမျိုးတို့ အခြားနေရာဆီသို့ပျံ့နှံ့သွားခဲ့ပါသည်။သံပုရာကျေးရွာသည် ရှေးကျသော တောင်သားဒေသဆိုလျှင်မမှာနိုင်ပါ။
ဝတ်စားဆင်ယင်မူ
တောင်သားအမျိုးသားတို့မှာ မြန်မာကဲ့သို့ ၀တ်စားဆင်ယင်ပါသည်။တောင်သားအမျိုးသမီးတို့မှာ ထဘီအဖြူထည်သက်သက်ကိုသာ ၀တ်ဆင်ပါသည်။ထဘီမှာဗမာအမျိုးသမီးအချို့ဝတ်ဆင်သော စကတ်နှင့်တူပါသည်။ကိုယ်ကာယအထက်ပိုင်းတွင်မည်းတဘက်(မည်းစောင်ရှည်)ကိုချိုင်းအောက်မှလျှို၍ရစ်ပတ်ကာ ရင်သားကိုဖုံးမိအောင်စည်းပါသည်။အနီရောင်တဘက်ဆိုလျှင် အပျို၊ အမည်းရောင်တဘက်ဆိုလျှင်အအိုဟူ၍ တဘက်စအရောင်ကိုကြည့်ပြီး အပျို၊အအို ခွဲခြားသိနိုင်ပါသည်။ရှစ်စစ်သည်ကိုကြောက်၍ တောင်ပေါ်မှာပြေးရစဉ်က သက်လုံမကွဲအောင် ရင်မှာတဘက်စည်းရသည်ကို အမြဲသတိရစေရန် ထိုကဲ့သို့ရင်မှာတဘက်စည်းထားခြင်းဖြစ်သည်။ထီးလင်းမြို့နယ်၊၀က်သက်ကျေးရွာတွင် ရိုးရာဝတ်စုံအမြဲဝတ်ဆင်သော တောင်သားအမျိုးသမီးတို့မှာ နေ့ကြီးရက်ကြီးများနှင့်ဘုရားပွဲတော်၊များတွင် ရိုးရာဝတ်စုံဝတ်ကြပါသည်။
.jpg)
No comments:
Post a Comment