Wednesday, May 14, 2014

ယောသူ စိတ်ထား

ယောသူ ယောသား သဘောဖြူနဲ့
ငြူစူမူကင်း စိတ်အရင်းက
ခင်ခြင်းအတိ။
အပြောမပို သဘောချိုနှင့်
နာလိုမူကင်း၊ ရိုင်းပင်းခြင်းက
ရင်တွင်းအရှိ။
အရောင်အဆင်း လွန်မထင်းပေမဲ့
ရင်တွင်းမြင်ကြည့် ကြင်နာသည့်စိတ်
အပြည့်နက်ရှိုင်း ဘယ်မရိုင်းတဲ့
ယောသမိုင်းပါဘဲ ။ ။
(စိုးလေး အနောက်ဂန့်ဂေါ)

No comments:

Post a Comment