မြစ်သာမြစ်ဝှမ်း
တစ်ခေါက်လှမ်းခဲ့ရ
မကြောက်တမ်းကားစီးမှ
ရောက်ရမယ်ယုံ။
ပုံတောင်ပုံညာဆိုတာ
မော်တော်ကားဆရာတွေရဲ့
တောလားတစ်ပုဒ် ဖွဲ့လောက်နိုင်ပါပေရဲ့
ဒါမေမဲ့
ဂျိန်းဂျိန်းနဲ့ဂျက်ဂျက်
မီးရထားကြီးနဲ့
အခုဆို
ခရီးဆက်လို့ရပြီလေ
တစ်မိုင်ကျော်ရှည်လျှားတဲ့ဥမင်န
ယောနယ်ကို အလယ်မှာထား
ကလေးနဲ့ပခုက္ကူကို ဥဒဟို သွားလာနိုင်ပြီပေါ့ ...
ဆွေ(လေးဝတီ)
No comments:
Post a Comment