Wednesday, May 14, 2014

တို့ယောမြေ

ပုံတောင်ပုံညာ တောင်နှစ်မြွာနှင့်
လယ်ယချေုာင်းမြောင်း ကန်ပေါင်းစုံလင်
အလှဆင်သည်
တောင်စဉ်ပတ်ဝိုင်း။ ရှုတိုင်းမဝ
ယောနကဟု နာမတွင်စေ
တို့ယောမြေ။
ယောသားယောသူ စိတ်ထားဖြူသည်
တစ်အူထုံ့ဆင်း ညီကိုရင်းသို့
သွေးချင်းစည်းကာ ညီညွတ်ပါ၏ ။
ဖျင်ပင်နီချော တို့ယောလုံချည်
မြန်ပြည်တစ်လွှား ကျော်ကြားပါပေ့
ဓလေ့ရိုးရာ မမေ့ပါ။
လယ်ယာလုပ်ငန်း ပြည့်လျှမ်းသီးနှံ
ဆန်ရေစပါး ပေါများလှပေ
တို့ယောမြေကို အဆွေသဟာ
တစ်ခါတစ်ခေါက် အရောက်လှမ်းခဲ့ပါ ။ ။
နိုင်လင်းအောင်(အနောက်ဂန့်ဂေါ)

No comments:

Post a Comment